ရန်ကုန်-ဒီဇင်ဘာ၂၈
ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး အခြေအနေကြောင့် NLDမှ ယနေ
့နံနက်ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ကြောင်း
သိရသည်။ ယနေ နံနက်၁၀နာရီတွင် တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် ပထမအကြိမ်ဗဟိုကော်မတီ ` ဒုတိယအကြိမ် အစည်းအဝေးကို
ကျင်းပနေပြီဖြစ်သည်။
အဆိုပါ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက် နိုင်သောကြောင့်
ခွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ခွင့်တိုင်ကြားရခြင်း အကြောင်းတွင်
ကျန်းမာရေး အခြေအနေကြောင့်ဟု ဖော်ပြထားသည်။
သူမသည် ယခုလ ၁၆ရက်နေ့က စမ်းချောင်းမြို့နယ် အာရှတော်ဝင်အထူးကု ဆေးခန်းတွင် ခြေချောင်းကို အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Popular Myanmar News Journal

No comments:
Post a Comment