Tuesday, January 28, 2014

Air KBZ လေယာဉ် မီးလောင်သဖြင့်ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရ

ယနေ့ နံနက် ၀၈း၀၀ အချိန်တွင် ရန်ကုန်မှ ဟဲဟိုးသို့ ခရီးသည် အပြည်ဖြင့် ထွက်ခွါသွားသော Air KBZ လေယာဉ် ART-72 သည် ရန်ကုန်လေဆိပ်မှ ထွက်ခွါပြီး မိနစ်အနည်းငယ်အကြာတွင် မီးလောင်မှု ဖြစ်ပွါးသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရှိရပါသည်။

ခရီးသည်များ ထိခိုက်မှု ရှိ/မရှိ ကိုမူ မသိရှိရသေးကြောင်း၊ ခရီးသည်များမှာ လေယာဉ် အရေးပေါ် ထွက်ပေါက်မှ အလုအယက် ခုန်ချပြေးထွက်ခဲ့ရကြောင်း ခရီးသည် တဦး၏ ပြောပြချက်အရ သိရှိရပါသည်။

ပြီးခဲ့သည့်အပတ်က Air Bagan လေကြောင်းလိုင်းအား လုံခြုံ စိတ်ချရမှု အားနည်းသည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးမကြာမှီ ယခုကဲ့သို့ Air KBZ မှ လေယာဉ် မီးလောင်မှု ထပ်မံ ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။ သတင်းဆက်အား ဆက်လက် ဖေါ်ပြပေးပါမည်။


Myanmar Express

No comments:

Post a Comment