မြန်မာနိုင်ငံ၌ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရင်ဆိုင် နေရဆဲဖြစ်သော
ငှက်ဖျားရောဂါသည် ဆေးဝါး ကျွမ်းကျင်မှု နည်းပါးသော ဆေးဆိုင်ရှင်နှင့်
မှတ်ပုံတင် မရှိဘဲ အလွယ်တကူ ရောင်းချနေသော ဈေးဆိုင် များကြောင့်
ဆေးယဉ်ပါးမှုနှုန်း မြင့်လာခြင်း ဖြစ်ကြောင်း (၄၂) ကြိမ်မြောက် ဆေးသုတေသန
ညီလာခံတွင် ဖော်ပြထားသော စာတမ်းအရ သိရသည်။
မြန်မာနိုင်ငံအတွင်း
ကျေးရွာပေါင်း ၇၁ ရွာမှ ဆေးဆိုင် ၁၂၀ ကို ၂၀၁၂ ခုနှစ်အတွင်း ကွင်းဆင်း
စစ်တမ်း ကောက်ယူခဲ့ရာက ယင်းအချက်အလက်များ ရရှိခဲ့ခြင်း ဖြစ်သည်။
ငှက်ဖျားရောဂါ
ဆေးအကြောင်း နားလည် သဘောပေါက်ခြင်း မရှိဘဲ ဆေးရောင်းချခြင်းနှင့်
ဆေးဆိုင်ပိုင်ရှင်များ၏ ပညာအရည်အချင်း အားနည်းခြင်း တို့ကြောင့်
ဆိုင်အားလုံး၏ သုံးပုံနှစ်ပုံကျော်မှာ ငှက်ဖျားရောဂါကို စပ်ဆေးများနှင့်
ရောင်းချနေကြကြောင်း အဆိုပါ သုတေသန စာတမ်းတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်း
ဝန်ထမ်းများအတွက် ငှက်ဖျားဆေး ပေးနေသော စနစ်ကို ပြင်ဆင်ပေးရန်
အထူးအရေးကြီးကြောင်း၊ လက်ရှိ ဆေးပေးဝေသော မူဝါဒတွင် အားနည်းချက်များ
ရှိသောကြောင့် ပြည်သူများသည် နီးစပ်ရာ ဆေးဆိုင်များကိုသာ အဓိက အားထား
နေရကြောင်း ရှမ်းပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသူ အထွေထွေ ရောဂါကု
ဆရာဝန်တစ်ဦးက ပြောဆိုသည်။
“ငှက်ဖျားနဲ့ ပတ်သက်ရင် ပဒုမ္မာဆေးနဲ့ AKT-4
ကိုပဲ ရောင်းတယ်။ စပ်ဆေးကို မရောင်းဘူး။ ဖြစ်တဲ့ရောဂါကို တိုက်ရိုက်ကုတဲ့
ဆေးတွေရှိတယ်။ အဲ့ဒါကို တစ်လုံးချင်းစီတော့ ရောင်းပေးတယ်” ဟု လှည်းတန်းတွင်
ဆေးဆိုင် ဖွင့်လှစ် ရောင်းချသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ကျန်းမာရေး
ဝန်ကြီးဌာနက ဆေးယဉ်ပါး ငှက်ဖျားရောဂါ လျော့ကျစေရေး အတွက်
ဆေးအမျိုးအစားများ ပေါင်းစည်းပြီးသား ပဒုမ္မာ ငှက်ဖျားဆေးကိုသာ ရောင်းချရန်
တိုက်တွန်း ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဝန်ထမ်းများထံမှ သိရသည်။
စီးပွားရေး
လုပ်ငန်းရှင်များ ဘက်ကလည်း လုပ်ငန်းခွင် ငှက်ဖျားဆေး ယဉ်ပါးမှု
လျော့ကျရန်အတွက် ပူးပေါင်း ဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကတိကဝတ်
လက်မှတ်များ ရေးထိုးခဲ့ကြသည်။
The Voice Weekly

No comments:
Post a Comment