လာမည့်
ဖေဖော်ဝါရီလအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများ
ပြုလုပ်ရန် ရခိုင်ပြည်နယ်၊
စစ်တွေမြို့ သို့ သွားရောက်မည်ဟု သိရှိရသည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်တွေရှိ ရခိုင်နှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများရှိ
ဒုက္ခသည်
များနှင့် တွေ့ဆုံ သွားမည် ဖြစ်ပြီး စစ်တွေမြို့ရှိ
ဝေသာလီဘောလုံးကွင်းတွင် စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့သော ၂၀၀၈
အခြေခံဥပဒေပြင်ဆင်ရေးအတွက်
လူထုဟောပြောပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ခရီးစဉ်ကို လာမည့် ဖေဖော်ဝါရီလ အတွင်းသတ်မှတ်ထားပြီး ရက်အတိအကျနှင့်
အချိန်အသေးစိတ်တို့ကိုမသတ်မှတ်ရသေးကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်
မကြာသေးမီကလည်း ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး
ဒေသခံ တိုင်းရင်းသားများမှလည်း သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
Myanmar Express

No comments:
Post a Comment