မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းက
ဦးလေး ဖြစ်သူ ဂျန်ဆွန်ထက် ကို ကွပ်မျက် လိုက်တာနဲ့ ပက်သက်ပြီး ရုပ်မြင်ကနေ
တိုင်းပြည်ကို ပြောကြား ခဲ့တဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပထမဆုံးအကြိမ်
လူသိရှင်ကြား မှတ်ချက် စကားကို ထည့်ပြောခဲ့ပါတယ်။ညစ်ထေး
စုတ်ပြတ်တဲ့ ဖောက်ပြန်ရေး သမားတွေကို နှိမ်နင်း လိုက်တဲ့ အတွက်
တိုင်းပြည်ရဲ့ စည်းလုံးမှုဟာ အဆတစ်ရာ တိုးတက် သွားတယ်လို့ အစိုးရ
ရုပ်မြင်သံကြား သတင်းဌာန ကနေ ထုတ်လွှင့်တဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ
ကင်ဂျုံအွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။
ဦးလေးအရင်း ဖြစ်သူကို
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁၃ ရက်က သုတ်သင် ခဲ့မှုဟာ အချိန်ကိုက် ဖြစ်ခဲ့ရုံ
မက တိုင်းပြည်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာ ဖြစ်တယ်လို့
သူက ဆက်ပြောခဲ့ပါတယ်။
အာဏာသိမ်းရန် ကြံစည်မှုနဲ့ သေဒဏ် ပေးခံခဲ့ရတဲ့
ဂျန်ဆွန်ထက် ဟာ မြောက်ကိုရီးယားမှာ အရင်က ထိပ်သီးခေါင်းဆောင် တစ်ယောက်
ဖြစ်ခဲ့ပြီး ကင်ဂျုံအွန်း ပြီးရင် ဩဇာအာဏာ အရှိဆုံး လူတစ်ယောက်လဲ
ဖြစ်ပါတယ်။
မစ္စတာဂျန်ဆွန်ထက် ကို ကွပ်မျက်အပြီးမှာ ထုတ်လွှင့်တဲ့
မြောက်ကိုရီးယား အစိုးရ သတင်း တစ်ပုဒ်မှာတော့ သူဟာ ထိပ်ဆုံးက ကင်ဂျုံအွန်း
ကို ဖယ်ရှားပြီး အာဏာသိမ်းဖို. စီစဉ်ခဲ့တယ်လို့ သူ့ကို စစ်ခုံရုံးတင်
စစ်ဆေးစဉ်က ဝန်ခံခဲ့ကြောင်း ထုတ်လွှင့်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ
ဖခင်ဖြစ်သူ သေဆုံးပြီး ကင်ဂျုံအွန်း အာဏာရ လာစဉ်က ဦးလေးဖြစ်သူက အစစ အရာရာ
ထိမ်းကြောင်း လမ်းညွှန်ပေးခဲ့တယ် လို့ လေ့လာသူ တွေက ထင်ကြပါတယ်။
ဒီ
ကင်ဂျုံအွန်းရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့
ကိုလည်း စစ်ဘီလူး တွေလို့ သုံးနှုန်းခဲ့ပြီး ဒီနိုင်ငံတွေဟာ ကိုရီးယား
ကျွန်းဆွယ်မှာ နျူကလီးယား စစ်ပွဲ ဖြစ်အောင် မီးမွှေးနေကြတယ်လို့
ပြောခဲ့ပါတယ်။
ဒီလို အခြေအနေ အောက်မှာ မြောက်ကိုရီးယားတွေရဲ့
သေနတ်ပြောင်း ကသာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ ပျော်ရွှင်မှုကို
ထိမ်းသိမ်း ဆောင်ကျဉ်း ပေးနိုင်မှာ ဖြစ်တယ်လို့ လည်း ပြောကြားသွား ပါတယ်။
by bbc

No comments:
Post a Comment