ကနေဒါပေါ့ပ်ငွေကြယ်ပွင့်
ဂျက်စတင် ဘီဘာသည် မူးယစ်ဆေးဝါးမှုနှင့် အဖမ်းခံရပြီးနောက် ၄င်းအား အမေရိကန်
နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာ က
လက်မှတ် ရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ
တောင်းဆိုချက်ကို WeThe People သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း
ဖြစ်ပြီး ၄၈ နာရီ အတွင်းမှာပင် အမေရိကန် နိုင်ငံသား ၁၅ဝဝဝ ကျော်က ပါဝင်
လက်မှတ်ရေး ထိုး ခဲ့ကြသည်။
ဘီဘာသည် ပေါ့ပ်ဂီတ ယဉ်ကျေးမှုကို မှားယွင်းစွာ
ကိုယ်စားပြုမိသည်ဟု အမေရိကန် နိုင်ငံသားများက ယူဆထားကြောင်း၊ ၄င်း၏
အပြုအမူများသည် လူငယ်များ အတွက် အန္တရာယ်ရှိကြောင်း၊ ၄င်းအား
မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးသင့်ပြီး ၄င်း၏ Green Card ကိုလည်း ပြန်လည်
ရုပ်သိမ်းသင့်ကြောင်း အမေရိကန် ပြည်သူများက ပြောကြား ထားသည်။
ဘီဘာ၏အပြုအမူများသည်
နိုင်ငံအတွင်းရှိ လူငယ်များအပေါ် မှားယွင်းစွာ လွှမ်းမိုး စေနိုင်သောကြောင့်
၎င်းအား မိမိတို့၏ လူ့အသိုင်းအဝိုင်းမှ ဖယ်ထုတ်သင့်ကြောင်း ပြည်သူ များက
၎င်းဝက်ဘ်ဆိုက်တွင် ထပ်လောင်း ရေးသားခဲ့သည်ဟု သိရသည်။
မြ၀တီ

No comments:
Post a Comment