![]() |
| (နှိပ်စက်ခံခဲ့ရသည့် အင်ဒိုနီးရှား အိမ်အကူအမျိုးသမီး) |
ဟောင်ကောင် ရဲတပ်ဖွဲ့က မိမိတို့သည် အင်ဒိုနီးရှား အိမ်အကူ တစ်ဦးကို
ပြင်းထန်စွာ နှိပ်စက်ခဲ့သည့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီး
စွဲချက်တင်လိုက်ပြီဟု အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသမီးသည်
အင်ဒိုနီးရှားမှ အလုပ်လာလုပ်သည့် အိမ်အကူ အာဝီယာနာ ဆူလစ်တီယန်ဆီကို
ရိုက်နှက် နှိပ်စက်ခဲ့သလို ယခင်ကလည်း ဟောင်ကောင်မှ အိမ်အကူ နှစ်ဦးကို
ညှင်းပန်းခဲ့ဖူးကြောင်း ရဲများက ဆိုသည်။ ဟောင်ကောင် ရဲတပ်ဖွဲ့သည်
ဗုဒ္ဓဟူးနေ့တွင် အသက်(၄၄)နှစ်ရှိ လော်ဝင်တွန်အား ညှင်းပန်းနှိပ်စက်မှု၊
ရာဇဝတ်မှုများဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။
![]() |
| (အင်ဒိုနီးရှား အိမ်အကူအား နှိပ်စက်ခဲသည့် အိမ်ရှင်အမျိုးသမီးကို ဖမ်းဆီးလာစဉ်) |
သူမသည် ဟောင်ကောင်တွင် အလုပ်လုပ်နေသည်မှာ (၈)လမျှသာ ရှိသေးသည်။ ဆူလစ်တီယန်ဆီသည် ယခုအခါ အင်ဒိုသို့ ပြန်သွားပြီး သူမ၏ မျက်နှာတွင် ဒဏ်ရာအများအပြား ရရှိခဲ့သလို ခြေထောက်၊ လက်တို့တွင် အညိုအမည်းစွဲနေသော အကွက်ကြီးများ ဖြစ်နေကြောင်းလည်း ရဲများက အတည်ပြုသွားသည်။
Planet Myanmar Network



No comments:
Post a Comment