မြန်မာနဲ့ တောင်ကိုရီးယား အစိုးရတို့ဟာ ၁၉၈၃ ခုနှစ်က ရန်ကုန်မှာ
မြောက်ကိုရီးယားတွေရဲ့ ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသွားသူတွေအတွက် အမှတ်တရ
အဆောက်အဦတစ်ခု ဆောက်လုပ် ထားရှိဖို့ ဒီနှစ်အစောပိုင်းကပဲ သဘောတူညီထားပြီး
ဖြစ်တယ်လို့
တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး
ကိုရီးယား ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီအမှတ်တရ အဆောက်အဦကို ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ၂၅၈ စတုရန်း မီတာ ကျယ်တဲ့နေရာမှာ စိုက်ထူထားရှိမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းအတွက် ထားရှိမယ့် ရုပ်တုနဲ့အတူ အားလုံးပြင်ဆင်ထားပြီးသား
ဖြစ်ပြီး ကွယ်လွန်သူတွေရဲ့မိသားစုတွေနဲ့အတူ ၂၀၁၄ ခုနှစ်မှာ
ဖွင့်ပွဲအခမ်းအနား ကျင်းပမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတယောက်က ပြီးခဲ့တဲ့လက
ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အတိမ်းအစောင်း မခံတဲ့ အခြေအနေကြောင့် လူသိခံလို့မရတဲ့ အခြေအနေမှာ ပြောခဲ့တာလဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့
တောင်ကိုရီးယားသမ္မတ မစ္စတာ ချန်ဒူးဝှမ်ကို လိုက်ပါ စောင့်ရှောက်ရင်း
ကွယ်လွန်ခဲ့ရတဲ့ အရာရှိ ၁၇ ဦးကို ဂုဏ်ပြု အမှတ်တရ ပြုလုပ်ပေးတဲ့
ဒီစီမံကိန်းဟာ ကိုရီးယားဝမ်ငွေ သန်းပေါင်း ၇၃၀ ကုန်ကျပြီး
အမေရိကန်ဒေါ်လာအားဖြင့် ၆၉၂,၀၀၀ ဒေါ်လာနဲ့ တန်ဖိုးညီမျှပါတယ်။
by dvb

No comments:
Post a Comment