Thursday, January 16, 2014

ရန်ကုန်မြို့လယ်တွင် အမျိုးသမီးငယ်ကို ဓားဖြင့်ထိုးသောတရားခံ ဖမ်းမမိသေး

ရန်ကုန်မြို့လယ်၊ လမ်းမတော်မြို့နယ်တွင် ဇန်န၀ါရီ ၁၄ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးငယ်တစ်ဦးကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသူအား ဖမ်းမမိသေးကြောင်း သတင်းရရှိသည်။

လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၇ လမ်းထောင့်ရှိ တိုက် ပထမထပ်တွင်နေထိုင်သော သူနာပြုတက္ကသိုလ်နောက်ဆုံးနှစ် တက်ရောက်နေသည့် အသက် (၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို  အဆိုပါတိုက်လှေကားခြေရင်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းနေ အမျိုးသားက မျက်နှာနှင့် ရင်ဘတ်အား နံနက် ၇ နာရီ ခန့်က ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း လမ်းမတော်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
““တရားခံကို လိုက်ဖမ်းနေတယ်။ ခုအထိတော့ မမိသေးဘူး။ သူ့ကို မေးလို့ရသလောက်ပဲ သိသေးတယ်။ အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိသေးဘူး။ သူများတွေပြောတာတော့ သမီးရည်းစား စကားများတယ်လို့ ပြောကြတယ်။ သေချာမသိရသေးဘူး။ ဓားနဲ့ထိုးပြီး ထွက်ပြေးတဲ့ တရားခံကို အပြင်းအထန်နာကျင်စေမှုနဲ့ အမှုဖွင့်ပေးထားပါတယ်”” ဟု အဆိုပါရဲအရာရှိက ပြောသည်။
အမျိုးသမီးငယ်မှာ ပုသိမ်ဇာတိဖြစ်ပြီး၊ ဆေးရုံတွင် သတိရနေပြီဖြစ်ကာ အသက်အန္တရာယ်မရှိကြောင်း သတင်းရရှိသည်။

ဓားဖြင့်ထိုးသူအား ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၂၆ ဖြင့် လမ်းမတော်မြို့မရဲစခန်းက အမှုဖွင့်ထားပြီး တရားခံကို ဇန်န၀ါရီ ၁၄ ရက် ညနေတွင် သွားရောက်ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

7day Daily

No comments:

Post a Comment