Monday, January 27, 2014

နျူကလီးယား စွမ်းအင်ဆိုင်ရာ သဘောတူညီချက် အပြီးသတ်ရန် အိန္ဒိယနဲ့ ဂျပန် ကြိုးစား

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီကို အလည်အပတ်ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေဟာ ဇန်န၀ါ၇ီ ၂၅ ရက်က အိန္ဒိယ ၀န်ကြီးချုပ် မဲမိုဟန်ဆင်းဂ်နဲ့ တွေ့ဆုံပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်ရေးတိုးချဲ့မှုကို စိုးရိမ်တဲ့ မျက်လုံးတွေနဲ့ စောင့်ကြည့်နေခဲ့ကြတဲ့ ၂ နိုင်ငံ ခေါင်းဆောင်တွေက အရပ်ဖက် နျူကလီးယား ဆိုင်ရာ သဘောတူညီချက်ကို စောစောလုပ်ဖို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ အားဖြည့်ဖို့ သူတို့ရဲ့ စိတ်အား ထက်သန်မှုကို အချက်ပြ ခဲ့ကြပါတယ်။

ဂျပန်စီးပွားရေးသမားတွေအတွက် အိန္ဒိယဈေးကွက်ကို ဖွင့်ပေးမယ့် အရပ်ဖက် နျူကလီးယား စွမ်းအင်ဆိုင်ရာ သဘောတူညီချက်ကို အပြီးသတ်ဖို့ အာရှအင်အားကြီး ၂ နိုင်ငံ ကြိုးစားနေကြ ပါတယ်။
တိုရှီဘာ ကော်ပိုရေးရှင်းနဲ့ ဟိတာချိလို နျူကလီးယား နည်းပညာရှင် ဂျပန်ကုမ္ပဏီကြီးတွေက အိန္ဒိယနိုင်ငံတွင်း အမြန်တိုးတက်နေတဲ့ ဈေးကွက်ကို လက်လှမ်းမီချင်နေတာပါ။ မိခင် ဂျပန်နိုင်ငံတွင်း ဖူခုရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို အကြပ်အတည်းကို တုန့်ပြန်ဖို့ နျူကလီးယား ဆန့်ကျင်ရေး ဖိအားတွေကြောင့် အိန္ဒိယ ဈေးကွက်လို နိုင်ငံခြား အခွင့်အလမ်းတွေကို ရှာနေခဲ့ကြတာ ဖြစ်ပါတယ်။
ညှိနှိုင်းဆွေးနွေးမှုတွေကို အရှိန်မြှင့်ဖို့လည်း ၂ နိုင်ငံခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။ ရှင်းမဲအိဝ ယူအဲ့စ်တူး ရေပြင်မောင်း လေယာဉ်တွေကို ရောင်းဖို့ အဆိုပြုချက်ဟာ ဂျပန်ရဲ့ ကိုယ်တိုင် ပြဌာန်းထားတဲ့ စစ်လက်နက်ပစ္စည်း ပြည်ပတင်ပို့မှု ပိတ်ပင်ချက်နဲ့ ငြိစွန်းမှာ မဟုတ်ဘူး အိနိယကို ရောင်းပေးမယ့် ဒီလေယာဉ်တွေကို လက်နက်တွေ ဖြုတ်ထားတာမို့ အရပ်ဖက် လုပ်ငန်းတွေ အတွက် သုံးနိုင်တယ်လို့ ဂျပန် အရာရှိတွေက ပြောပါတယ်။
ဒီလေယာဉ်တွေဟာ မီးသတ်လုပ်ငန်းအတွက်ရော ရေပြင်သွား ဆေးရုံ အဖြစ်ပါ သုံးနိုင်ပြီး ခန့်မှန်းချေ တစီးကို အမေရိကန်ဒေါ်လာ သန်း ၁၁၀ လောက် ကုန်ကျနိုင်ပါတယ်။
ရှင်းမေအိဝ စက်မှုလုပ်ငန်းကုမ္ပဏီကတော့ ဒီလေယာဉ်တွေ တည်ဆောက်ပြီးစီးရင် ကမ္ဘာ့ ဈေးကွက်မှာ အစီး ၁၀၀ လောက် ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

DVB

No comments:

Post a Comment