ရန်ကုန်၊ မဇ္ဈိမ ။ ။ အသက် ၃ဝ ကျော်အရွယ် အမျိုသားတစ်ဦးက အသက် ၁ဝ
နှစ်အောက်သာ ရှိသေးသည့် ပိုလီယိုဝေဒနာရှင် ကလေးငယ်လေးတစ်ဦးအား
သားမယားပြုကျင့်ရန် ကြံစည်သဖြင့် ဇန်နဝါရီ ၅ ရက်က ဒလရဲစခန်းတွင် အမှုဖွင့်
တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ
ဖြစ်စဉ်မှာ ဒလမြို့နယ် ရပ်ကွက်တစ်ခုတွင် နံနက် ၁ဝ နာရီအချိန်က
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၉ နှစ်ရှိ စကားမပြောတတ်၊
လမ်းမလျှောက်နိုင်သော ပိုလီယိုရောဂါသည်ကို သားမယားပြုကျင့်ရန်
ကြံစည်ခြင်းဖြစ်သည်ဟု အဖွားတော်စပ်သူ (၅ဝ)နှစ်က အမှုဖွင့်
တိုင်တန်းခဲ့ခြင်းလည်းဖြစ်သည်။
အဖွားဖြစ်သူမှာ မြေးဖြစ်သူအား
အိမ်တွင်ထားခဲ့စဉ် နေအိမ်တွင် အလုပ်ကိစ္စဖြင့် ရောက်ရှိနေသည့်
ဒေးဒရဲမြို့နယ် ရေလုပ်သားဖြစ်သူ အသက် (၃၄)နှစ်အရွယ်အမျိုးသားဖြစ်သူက
အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။
အဆိုပါ ရေလုပ်သားနှင့်
မြေးငယ်တို့အား အိမ်ခန်းအတွင်းတွင် စောင်ခြုံလျက်တွေ့ရှိရသဖြင့်
အိမ်နီးချင်း (၃)ဦးတို့က စောင်အား လှန်ကြည့်ရာတွင် သားမယားပြုကျင့်ရန်
ကြံစည်လုပ်နေမှုကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု တရားလိုက ရဲအား
အမှုဖွင့်ရာတွင် တိုင်တန်းထားသည်။
ထို့ကြောင့် ဒလရဲစခန်းက (ပ)၁ဝ/၂ဝ၁၄
ဖြင့်အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ တို့ဖြင့် အရေးယူရန်
ပြစ်မှုကျူးလွန်သူဟု စွပ်စွဲတိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။
ထို့ပြင်
ယင်းနေ့ ညနေကလည်း ပုဂ္ဂလိက စာသင်မူကြိုကျောင်း နိုင်ငံတကာသင်ကြားရေးဌာနမှ
အသက် ၂၃ နှစ်ရှိ ဆရာမဖြစ်သူကိုလည်း (ရည်းစားစကာပြောကြားထားသူ)အသက်
(၂၄)နှစ်ရှိ ဟာ့ဂ်ျဘုရားဖူးခရီးသွားလုပ်ငန်းလုပ်ကိုင်သူက
တည်းခိုခန်းတစ်ခုသို့ ကားဖြင့် တင်ဆောင်ခေါ်ပြီး သားမယားပြုကျင့်ရန်
ကြံစည်ခဲ့သည်ဟု အမှုဖွင့်တိုင်တန်းထားသည်။
ထို့ပြင် ဇန်နဝါရီ ၃
ရက်ကလည်း အသက် (၁၅)နှစ်ရှိသမီးဖြစ်သူကို အသက် (၅၅)နှစ်ရှိ ဖခင်ဖြစ်သူက
ခြင်ထောင်အတွင်းသို့ ဝင်ရောက်ပြီး သားမယားပြုကျင့်ခဲ့မှုတစ်ခု
တွံတေးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဖြစ်ပွားထားသည်။
Mizzima - News in Burmese
No comments:
Post a Comment