မီးရှို့မှုတိုင်ခင်က အဲဒီစက်ရုံမှာ ကုမ္ပဏီဝန်ထမ်းနဲ့
ဒေသခံအလုပ်သမားတွေ အချင်းများခဲ့ကြပြီး ညသန်းခေါင်လောက်မှာ ဆီပီပါတခုကို
အလုပ်သမားတွေက မီးရှို့ခဲ့တယ်လို့ အန်းမြို့နယ် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မ တီဝင် ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။
“အိမ် ၂ ထပ်အိမ်ပါတယ်။ အပေါ်မှာ တရုတ်တွေ နေပါတယ်။ အောက်မှာက
ဒေသခံ လုပ်သားတွေ နေပါတယ်။ အပေါ်က ရေတွေ ကျနေတာကို လုပ်သားတွေက တမင်ကျတာလား၊
တမင်လုပ်တာလား၊ ဒေသခံလုပ်သားတွေက စကားပြန်ကတဆင့်မေးတော့ ဘယ်သူက
လုပ်တယ်ဆိုပြီး တောင်းပန်လိုက်ရင် ကျေအေးသွားဖို့ သဘော ရှိပါတယ်။
မတောင်းပန်ဘဲ ၀န်မခံတော့ ပိုဆိုးသွားပြီး ဒေါသတွေ ဖြစ်ပြီး မနေ့က ဆီပီပါကို
မီးရှို့လိုက်ကြတာပါ။”
အလုပ်သမားနေအိမ်တွေ၊ ၀န်ထမ်းအိမ်ရာတွေနဲ့ လောင်စာဆီ
သိုလောင်ကန်တွေ မီးလောင်ခဲ့တဲ့အတွက် တရားခံတွေကို လိုက်လံ ဖမ်းဆီးနေပြီး
လက်ရှိမှာ ဒေသခံအလုပ်သမား ၈ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့
ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှ ရုံးအဖွဲ့မှူးက ပြောပါတယ်။
“ကျနော်တို့ ဆက်လုပ်နေတုန်းပဲ ရှိသေးတယ်။ ခရိုင်တပ်ဖွဲ့က
လုံခြုံရေးတွေ သွားယူပြီး ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို ဖမ်းဆီးနေတယ်။
အခု ၈ ယောက် ဖမ်းမိပါပြီ။ ပြစ်မှုကျူးလွန်သူ မှန်သမျှကို အကုန်ဖမ်းမှာပါ။
ခရိုင်မှူးကိုယ်တိုင်လည်း သွားရောက် စုံစမ်းစစ်ဆေးနေပါတယ်။”
မီးလောင်မှုကြောင့် ဆီနဲ့ အဆောက်အဦ ကာလတန်ဖိုး
ကျပ်သိန်းပေါင်း ၂ ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ ကာယကံရှင်အလုပ်သမားတွေနဲ့
ဆက်သွယ်နေတဲ့ ရခိုင်ပြည်နယ် လူမှုကွန်ရက်အဖွဲ့ဝင် ဦးထွန်းကြည်က ပြောပါတယ်။
လောင်စာဆီသိုလှောင်ကန်နဲ့ နေအိမ်တွေ မီးလောင်သွားပေမယ့် တရုတ်နိုင်ငံကို
ဂက်စ်ပေးပို့မှုကတော့ ရပ်တန့်မသွားဘူးလို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။DVB

No comments:
Post a Comment