Friday, January 17, 2014

အာနန္ဒာဘုရားပွဲ

ပုဂံ၊ မဇ္ဈိမ ။ ။ ပြာသိုလဆန်း ၈ ရက်နေ့မှ လပြည့်ကျော် ၈ ရက်နေ့အထိကျင်းပသော အာနန္ဒာ ဘုရားပွဲကို နှစ်စဉ် တရားဝင်သတ်မှတ်ရက်အပြင် ပြာသိုလ တစ်လလုံး ကျင်းပခြင်းဖြစ်ပြီး ပခုက္ကူ သီဟိုရှင်ဘုရားပွဲနှင့် အာနန္ဒာဘုရားပွဲမှာ အညာဒေသ၏ အကြီးကျယ်ဆုံး ဘုရားပွဲများ ဖြစ်သည်။
ဆိုင်ခန်းပေါင်း ၁၈၅၀ ခင်းကျင်း ရောင်းချနေပြီး ပဋ္ဌာန်းပွဲ၊ တရားပွဲနှင့် ဇာတ်ပွဲများလည်း ထည့်သွင်းထားသည်။

ငါးပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် ဘုရားပွဲကာလတစ်ခုလုံး ၁၂၅ဝဝ ကျပ်ပေးရမည်ဖြစ်ပြီး မျက်နှာငါးပေနှင့် အနောက်ဘက် အကျယ်ငါးပေထက်ပိုလျှင် ၁၅ဝဝဝ ပေးရမည်။
"ဘုရားပွဲကျင်းပတာကတော့ ဘုရားတည်ပြီး ကတည်းကဆိုတော့ ကြာပြီပေါ့။ ကျွန်တော်တို့ မမွေးခင်ကတည်းက လည်းရှိခဲ့တယ်။ နှစ်ပေါင်း ၉ဝဝ ကျော်လောက်ရှိမယ်" ဟု အာနန္ဒာဘုရား ဂေါပက အဖွဲ့ရုံးမှ အဖွဲ့မှူး ဦးအောင်သိန်းက ပြောသည်။

Mizzima

No comments:

Post a Comment