ရန်ကုန်တိုင်း ထောက်ကြံ့မှာ တရုတ်အစိုးရ အကူအညီနဲ့ ကုတင် ၅၀၀ ဆန့် အထူးကု
ဆေးရုံကြီးတရုံ တည်ဆောက်ပေးသွားဖို့ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ပြောပါတယ်။
ဇန်န၀ါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အမျိုးသားလွှတ်တော်အမတ်
ဒေါက်တာမြတ်ဥာဏစိုးက တိုးတက် များပြားလာတဲ့ ရန်ကုန်နေ ပြည်သူတွေအတွက်
ဆေးရုံ တိုးချဲ့ဖို့ မရှိဘူးလားလို့ မေးတာကို သူက ခုလို ပြောလိုက်တာ
ဖြစ်ပါတယ်။
ဒါအပြင် သင်္ကန်းကျွန်း ကုတင် ၃၀၀ ဆန့် စံပြဆေးရုံကြီးကို ကုတင် ၅၀၀
ဆန့်အဖြစ် တိုးမြှင့်မယ့်အပြင် အခြား ဆေးရုံတွေကိုလည်း နည်းနည်းစီ
တိုးမြှင့်သွားဖို့ ရှိတယ်လို့ သူက ဖြေ သွားပါတယ်။
DVB

No comments:
Post a Comment