၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ‘ဥ’ ဇာတ် ကားနဲ့
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုရရှိခဲ့တဲ့ ချောရတနာက အခုလိုမျိုး
ဆုရရှိခဲ့တဲ့အပေါ်မှာ အတိုင်းမသိဝမ်း သာပျော်ရွှင်ခဲ့ရပြီး ဆုကို လည်း
ရွှေတိဂုံစေတီတော်ကို သွားရောက်ပြီးလှူဒါန်းမှုပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့
ချောရတနာက ပြောပါတယ်။
”ချော ဆုမရခင်ကတော့ တအားကို
စိတ်လှုပ်ရှားမိပါတယ်။ ကိုယ်ကလည်း ဆုကိုမျှော်လင့်မိ တယ်။ ဒါပေမဲ့လည်း
စိတ်ကိုတည် ငြိမ်အောင်တော့ အတတ်နိုင်ဆုံးထား ရတယ်။ တကယ်ကြီး ဆုရသွားတော့
အတိုင်း မသိပျော်မိပါတယ်။ ဒီဆုလေးက ချောရဲ့သားလေးအတွက် ပါ။ ရွှေ ဥလေး ပေါ့။
ဒီဆုလေးက ချောအတွက် အမြတ်တနိုးထား ရဆုံး ဖြစ်တဲ့ အတွက် အမြတ်နိုးဆုံး
နေရာမှာပဲထားမှာပါ။
ဒီရွှေစင်ရုပ်တု လေးကို ချောက
ရွှေတိဂုံဘုရားမှာ လှူဖို့ မရခင်ကတည်းက ရည်စူးထား ပါတယ်။
ရန်ကုန်မြို့မှာရွှေတိဂုံဘုရားက တကယ် တန်ခိုး အကြီးဆုံး ဘုရားလည်းဖြစ်တယ်။
ဘုရားရှင်ရဲ့ ဆံတော်အစစ်တွေလည်း ကိန်းဝပ်နေ တယ်။ နောက်ပြီး ဘုရားရှင်ရဲ့
တကယ့် ဓာတ်ေ တ်ာတွေ ကို ဌာပနာထားပြီး အထွတ်အမြတ်လည်းဖြစ် တဲ့အတွက်
ရွှေတိဂုံမှာလှူဖို့ စိတ်ကူးထားပါတယ်။
ဒီဆုလေး က တကယ်ကိုထူးခြား တဲ့ဆုလေး
ပါ။ ချောရဲ့သားလေး နဲ့အတူ ဆုတက်ပြီး ယူရတဲ့အတွက် တအားကို ဝမ်းသာ
ပီတိဖြစ်ရပါတယ်။ သူကြီး လာရင်လည်း သူ့ကို အမှတ်တရ အနေနဲ့
ပြန်ပြီးပြောပြလို့ရ တယ်” လို့ပြောပါ တယ်။
ချောရတနာက အကယ် ဒမီ
ဆုရပြီး နောက်တစ်ရက် မှာ တော့ဆရာတော် အရှင်ဆေကိန္ဒ ကျောင်းကိုလည်း သွား
ရောက်ခဲ့ပြီး ကလေးတွေ နဲ့ အမှတ်တရတွေ့ဆုံဖြစ်ခဲ့ပါ တယ်။
“ချောတို့က ဘုန်းဘုန်းရဲ့ ကျောင်းမှာ အရင်ကတည်းက တတ်နိုင် သလောက်သွား
ပြီးတော့ လှူနေကျပါ။ အဲဒီနေ့ ချောက သွားပြီး လှူဖြစ် တာတော့ မဟုတ်ဘူး။
ဘုန်းဘုန်းနဲ့ ကျောင်းမှာ ရှိတဲ့ ကလေး တွေ နဲ့ ဝေယျာဝစ္စလုပ် ပေးတဲ့အဖွဲ့တွေ
က ချောဆုရတာကို ဝမ်းသာနေကြ တယ်ဆိုတော့ချောကသွားပြီး အမှတ် တရအနေနဲ့သွားနှု
တ်ဆက်ဖြစ်တာ ပါ။ကလေးနှစ်ထောင်ကျော် လောက် ရှိတယ်။ တွေ့တဲ့အခါမှာ လည်း
တအားကို ပီတိဖြစ်ရတယ်။ ဘုန်း ဘုန်းကိုလည်း အကယ်ဒမီမရခင်က တည်းက ချော က
သွားပြီးကန်တော့ ဖြစ်တယ်။ လှူဖြစ်ပါတယ်။ ကျောင်း မှာယဉ်ကျေးလိမ္မာလာတက်တဲ့
ကလေး တွေကိုလည်း ချောက သွားပြီး နှုတ်ဆက်ချင်လို့ သွားခဲ့တာပါ” လို့
ပြောပါတယ်။
လွင်လွင်ထွန်း
Popular Academy

No comments:
Post a Comment