Monday, January 27, 2014

၂၀၁၄ ပြက္ခဒိန်

နှစ်သစ်မှာ မြန်မာပြည်အတွင်း ရောင်းချနေ၊ အခမဲ့ဝေနေတဲ့ ပြက္ခဒိန်ပေါင်းများစွာထဲက စိတ်ဝင်စားစရာအကောင်းဆုံး ပြက္ခဒိန်က အွန်လိုင်းမှာ မနေ့ကစပြီး တက်လာပါပြီ။ 
 -
 -


အမျိုးသမီးမော်ဒယ်၊ သရုပ်ဆောင် အများအပြားရဲ့ပုံတွေပါတဲ့ စားပွဲတင် ပြက္ခဒိန်ပါပဲ။

အလှအပတွေရဲ့ ပုံတွေက နွေရာသီဖက်ရှင်ပုံတွေချည်းပဲ ဖြစ်နေပါတယ်။

တကယ်ဆိုရင် ... ပြက္ခဒိန်ပုံတွေမှာ သရုပ်ဆောင်သူ ဆိုတာ မခို့တရို့ဖြစ်ဖြစ်၊ ခို့တရို့ဖြစ်ဖြစ် ပြုံးတတ်ကြသူတွေပါ။
ဒီပြက္ခဒိန်မှာ ဘာကြောင့် မပြုံးကြတာလဲ ဆိုတာတော့ မေးစရာ ဖြစ်လာပါပြီ။
အပြုံးဟာ sexy ဖြစ်မှုကို အားလျော့စေတယ်လို့ ယူဆလို့လား?

ဆိုခဲ့သလိုပဲ ပြက္ခဒိန်ပေါင်းများစွာထဲကမှ ဒီပြက္ခဒိန်က အွန်လိုင်းမှာ ရောက်နေပါပြီ။

 ပြက္ခဒိန်ဆိုပြီး ပုံတွေချည်းပဲပါလား၊ ဇန်န၀ါရီ ဖေဖော်ဝါရီ အကွက်တွေ မပါဘူး ဆိုတာကိုတော့ မေးကြမယ် မထင်ပါဘူး။
လတွေလည်း ပါပါတယ်။ လတွေကတော့ နွေရာသီဖက်ရှင်နဲ့မဟုတ်ပါဘူး။ တခြားသူတွေထုတ်ဝေသလို ဂဏန်းတွေနဲ့ပါပဲ။

 ပြက္ခဒိန်မှာ ဖော်ပြထားချက်အရဆိုရင် SMART Group of Companies က ထုတ်ဝေခြင်းဖြစ်ပါလိမ့်မယ်။

လေ့လာဖို့ ကြည့်ရှုဖို့ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။














No comments:

Post a Comment