ဝန်ကြီးအဖြစ် ခန့်အပ်ခံရသော လွှတ်တော်အမတ်များနှင့် သေဆုံးသွားသည့် လွှတ်တော်
ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များတွင် ဒုတိယအကြိမ် ကြားဖြတ်
ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပရန် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
လွှတ်တော်မှတစ်ဆင့် ရွေးကောက်ပွဲ
ကော်မရှင်ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင်
တစ်ဦးက ပြောကြားသည်။
ယင်းသို့ တိုက်တွန်းရန် ဒီဇင်ဘာလ ၃၀
ရက်နေ့တွင် ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင်
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကြံ့ခိုင်ရေးပါတီ
ဗဟိုကော်မတီ အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ မဲဆန္ဒ နယ်မြေများ၊
လွှတ်တော် ကိုယ်စားလှယ် ရာထူးမှ ဒုတိယဝန်ကြီး ခန့်အပ်ခြင်း ခံရသည့် မဲဆန္ဒ
နယ်မြေများနှင့် ၂၀၁၀နှင့်၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် နယ်မြေ
မငြိမ်းချမ်းမှုကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်ခဲ့သော
ကျန်ရှိနေသည့် မဲဆန္ဒ နယ်မြေများတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်
တိုက်တွန်းသွားမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
ဒုတိယအကြိမ်မြောက်
ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း မည်သည့် အချိန်အတွင်း
ကျင်းပသွားမည်ကို လွှတ်တော်အတွင်း ပြန်လည် ညှိနှိုင်းကာ တိုက်တွန်းမည်
ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီထံမှ သိရှိရသည်။
ကြားဖြတ်
ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တို့အတွက် လစ်လပ် မဲဆန္ဒနယ် ၁၅ နေရာ
ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ကြားဖြတ်
ရွေးကောက်ပွဲ ထပ်မံပြုလုပ်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့်
လစ်လပ် မဲဆန္ဒနယ်အားလုံး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယင်းပါတီ၏
ပြောရေးဆိုခွင့် ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က
ပြောကြားသည်။
“ကြားဖြတ် ရွေးကောက်ပွဲ လုပ်ပေးမှပဲ ဥပဒေနဲ့ ညီတယ်လို့ ကျွန်တော် ယူဆတယ်” ဟု ၎င်းက ဆိုသည်။
လစ်လပ်
မဲဆန္ဒနယ်များတွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် ကိစ္စကို သတ္တမအကြိမ်
လွှတ်တော် အစည်းအဝေးတွင် ဦးဝင်းမြင့်က တင်ပြခဲ့သော်လည်း ကျင်းပရန် အစီအစဉ်
မရှိကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက
ပြောဆိုထားသည်။
လက်ရှိ အစိုးရ၏ ကျန်ရှိနေသေးသော သက်တမ်း ၂ နှစ်
ကာလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပါက လစ်လပ်
မဲဆန္ဒနယ်များအတွက် လိုအပ်ချက်များစွာကို ကြိုတင် ပြင်ဆင်ရမည် ဖြစ်ကြောင်း၊
သို့သော် ယခုအချိန်အထိ ကော်မရှင်သို့ အကြောင်းကြားမှု မရှိသေးသဖြင့်
ကော်မရှင်က အတည်ပြု ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း၊ ယင်းကြောင့်
ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
(နေပြည်တော်) မှ ညွန်ကြားရေးမှူးတစ်ဦးက ရှင်းပြသည်။
“ရွေးကောက်ပွဲ
ထပ်လုပ်မယ်ဆိုတာ ကော်မရှင်က လုပ်မှရမယ်။ တင်ပြလာရင် ဘာဖြစ်မယ် မသိသေးဘူး။
ခုထိတော့ ဘာမှမသိရသေးပါဘူး၊ ဒီကိစ္စက ကျယ်ပြန့်ပါတယ်” ဟု ၎င်းကထပ်လောင်း
ရှင်းပြသည်။
၂၀၁၂ ခုနှစ်အတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ကြားဖြတ်
ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက မဲဆန္ဒနယ် ၄၄ နေရာ
ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိထားသည်။
by the voice

No comments:
Post a Comment