ကွမ်းစားခြင်းအလေ့အထနှင့်ပတ်သက်၍ လေ့လာ သုတေသနပြုရာတွင်
ကွမ်းစားသူများ၌ ကင်ဆာဖြစ်နိုင် ချေရှိသော ခံတွင်းအနာကို
တွေ့ရှိလာရခြင်းဖြစ်ကြောင်း (၄၂)ကြိမ်မြောက်ပြုလုပ်သည့်
မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံတွင် ဖတ်ကြားသည့် စာတမ်း
တစ်စောင်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက် ၁၈
နှစ်နှင့်အထက် နေထိုင်သူ ၅၄၂ ဦးကို ကွမ်းစားခြင်း အလေ့အထနှင့်ပတ်သက်၍
သုတေသနပြု လေ့လာခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသုတေသနတွင် ပါဝင်သူများမှာ ပျမ်းမျှ အသက် ၄၅ နှစ်ဖြစ်ကြပြီး ၅၉
ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြကြောင်း၊ သုတေသနတွင် ပါဝင်သူ ၅၂
ရာခိုင်နှုန်းသည် ကွမ်းစားလေ့ရှိကြပြီး ကွမ်းစားသူ ၂၈၄ ဦး၊ ကွမ်းမစားသူ ၂၅၈
ဦးရှိကြောင်း စာတမ်းရှင်၏အဆိုရ သိရသည်။
ကွမ်းစားသူ ၂၈၄ ဦးတွင် ၈ ဒသမ ၅ ရာခိုင်နှုန်းသည် ကင်ဆာဖြစ်လာနိုင်ချေရှိသည့်
ခံတွင်းအနာကို တွေ့ရှိရခြင်းဖြစ်ပြီး ကွမ်းမစားသူများတွင် ၀ ဒသမ ၎
ရာခိုင်နှုန်းသည် ကင်ဆာဖြစ်လာနိုင်ခြေရှိသည့် ခံတွင်း အနာကို
တွေ့ရှိရကြောင်း၊ ယခုတွေ့ရှိချက်များအရ ကွမ်း စားခြင်း၊ ကွမ်းထဲတွင်
ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီး အမျိုးအစားတစ်ခုခုကို
ထည့်သွင်းစားသုံးခြင်းသည် ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်သည်ဟု ညွှန်ပြနေ
ကြောင်း စာတမ်းရှင်က အကြံပြုထားသည်။
အဆိုပါ သုတေသနပြုလေ့လာခြင်းကို ဆေးသုတေ သနဦးစီးဌာန (အောက်မြန်မာပြည်)၊
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)၊ ကျန်းမာရေးဝန်ကြီးဌာန
နိုင်ငံခြားဆက်သွယ်ရေးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှ သုတေသီများက
ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ပြီး လေ့ကျင့်ထားသော မေးခွန်းများ မေးမြန်း၍
သုတေသန အချက်အလက်များ ကောက်ယူခြင်း၊ သွားနှင့် ခံတွင်း စမ်းသပ်ခြင်းတို့ကို
သွားဆရာဝန်များက ပြုလုပ်ခြင်း၊ သံသယဖြစ်ဖွယ် ပါးစပ်အနာတွေ့ရှိသူများကို
Toluidine Blue Test နှင့် Brush Biospy ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်း-ထက်ခိုင် (စမ်းချောင်း)
MOI

No comments:
Post a Comment