တောင်ကြီးမြို့  ၊သစ်တောဂိတ်အထွက်ရှိ ၊ထင်ရူးမြိုင်ကျောင်း ဆရာတော်
ဦးကဝိစာရအား ဥပဒေ ကျူးလွန်ခြင်းမရှိပါပဲ အလှူခံသည်ဟူသော ပြစ်ချက်ဖြင့်
(ပုဒ်မ-၂၉၅-သာသနာညှိုးနွမ်းမှု)ဖြင့် အတင်းအဓမ္မ လူဝတ်လဲပြီး၊ထောင်ဒဏ်
၁-နှစ်နှင့်၆ လ အမိန့်ကို (၂၁-၅-၂၀၁၃ )တွင်ချမှတ်ခဲ့ ပြီး၊ ၂-၁-၂၀၁၄ တွင်
(၁/၂၀၁၄ )လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့ ပါသည်။
“ဆရာတော်၏ သိက္ခာထပ်နှင့် ဝိဇာတ မင်္ဂလာပွဲ ကို တောင်ကြီးမြို
့စိန်ပန်းရပ်ကွက် ၊လောကမာန်အောင် ကျောင်းတိုက်တွင်၊ (၈-၁-၂၀၁၄ )ရက်နေ
့မနက်၈း၀၀ နာရီမှ ၊၁၂း၀၀ နာရီ တွင် ပြု လုပ်မည်ဖြစ်ပြီး၊
သတင်းစာရှင်းလင်းပွဲပါ လုပ်ဆောင်သွားမယ်“
ဟု လောကမာရ်အောင်
ကျောင်းတိုက်ဆရာတော် ဦးခေမာ နန္ဒ ကမိန့်ကြားသည်။
ဆရာတော်မှ “ ပုဒ်မ-၂၉၅ (သာသနာတော်ညှိုးနွမ်းမှု) ပုဒ်မ အားယနေ့သံဃာတော် များကြားထဲတွင်
လုံးဝလက်မခံနိုင်သောပုဒ်မ ဖြစ်ကြောင်း၊ပုဒ်မ ၁၈ ကဲ့သို့  သက်သက်မဲ့ ကန့်သန့်ထားသောပုဒ်မ ဖြစ်ကြောင်း “ မိန့်ကြားသည်။
ထင်းရူးမြိုင်ကျောင်းကို ပြည်နယ်အစိုးရမှ ဆေးတက္ကသိုလ်ပြုလုပ်ရန် အဓမ္မ
သိမ်းဆည်းခဲ့ ပြီး၊ ကျောင်းထိုင် ဆရာတော်အားလည်းအလှူခံသည်ဟု ကြောင်းပြပြိး
ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် ၁-နှစ် နှင့်၆ လ ချမှတ်ခဲ့ ခြင်းဖြစ်သည်။
လေးကြီး(ရှမ်းပြည်)
by Thit Htoo Lwin

No comments:
Post a Comment