Sunday, January 5, 2014

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းနေကြောင်း သမ္မတပြော

ရန်ကုန်၊ မဇ္ဈိမ ။       ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညှိနှိုင်းနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ရေးသားထားသည်။

"လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိအောင် တိုင်းရင်းသား သွေးချင်း များ အားလုံးက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အချိန်ဖြစ်ပါသည်။ များမကြာမီတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ကျင်းပရန် ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါသည်" ဟု ရေးသားထားသည်။
လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီ ၂၀ရက်မှ ၂၂ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
ဒုတိယညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခု အချောသတ် ရေးဆွဲနိုင်ရန် ပြင်ဆင် ကြိုးပမ်းရန် စီစဉ်ထားသည်။

by mizzima

No comments:

Post a Comment