ရန်ကုန် ၊ ဇန်န၀ါရီ ၇ ။ ။ မောင် ကိန်းရွှေဆိုင်ကိုသေနတ်ကိုင် ဆောင်၍
ဓားပြတိုက်ခဲ့သူအား လုယက်မှုအပြင် မူးယစ်ဆေး ဝါးမှုဖြင့်ပါ အမှုဖွင့် စစ်ဆေး
နေကြောင်း အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီးဝင်းကြည်က ပြော သည်။
ရွှေဆိုင်များ၏လုံခြုံရေး နှင့်ပတ်သက်ပြီး ဇန်နဝါရီ ရ ရက်က ဝါးတန်းလမ်း
ပန်ဒါဟို တယ်၌ပြုလုပ်ခဲ့သည့် ရဲတပ် ဖွဲ့နှင့် ရွှေလုပ်ငန်းရှင်များအ
သင်းတို့တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုရဲမှူးကြီးဝင်းကြည်က ”သူက မူးယစ်ဆေးဝါးသုံးပြီး တော့ သေနတ်ကိုင်ပြီး
အကြမ်း ဖက်လုယက်ခဲ့တယ်ဆိုတာ ဝန် ခံပါပြီ။ သူ့ကိုလုယက်မှု၊ လက်
နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေး ဝါးသုံးစွဲမှုတွေနဲ့ အမှုဖွင့်စစ် ဆေးနေပါတယ်။
မကြာခင်မှာ ပဲ ရုံးတင်စစ်ဆေးနိုင်တော့မှာ ပါ”ဟုပြောသည်။
မန္တလေးမြို့ချမ်းအေးသာ ဇံမြို့နယ်ရှိ မောင်ကိန်းရွှေဆိုင် သို့
ဒီဇင်ဘာ၂၄ရက် ညနေ ပိုင်းတွင် သေနတ်ကိုင်ဆောင် ပြီး ရွှေဆိုင်မှန်ကောင်တာ ကို
သေနတ်ဒင်ဖြင့်ရိုက်ခွဲကာ ရွှေ ကလစ်ဆယ်ခုခန့်ကို ယူဆောင် ခဲ့ပြီး
ဆိုင်ကယ်ပေါ်တက်ချိန် တွင် ဆိုင်ဝန်ထမ်းများက ဝိုင်း ဝန်းဖမ်းဆီးခဲ့ကြောင်း၊
၎င်းကိုင် ဆောင်သောသေနတ်မှာ ကိုး ကန့်လွှတ်တော်ကိုယ်စားလှယ် ၏
လုံခြုံရေးတာဝန်ရှိသူများထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ သိရသည်။
ယင်းကိစ္စများနှင့် ပတ် သက်၍ နယူးရွှေစင်ရွှေဆိုင် မှဦးစိုးမြတ်က
”ကျွန်တော် တို့ ရွှေဆိုင်တွေ အနေနဲ့ လုံခြုံရေး ကိုအထူးဂရုပြုဖို့ လိုအပ်ပါ
တယ်။ ရွှေဆိုင်တွေရဲ့လုံခြုံ ရေးကို ရဲတပ်ဖွဲ့ဝင်တွေလဲ အ
ထူးဂရုပြုစောင့်ကြပ်ပေး ဖို့ တောင်းဆိုချင်ပါတယ်။ ရွှေ ဆိုင်တွေဘက်ကလဲ
လုံခြုံရေး တွေကို ဒီထက်ပိုလုပ်ဖို့ရှိပါတယ်” ဟုပြောသည်။
Yangon Media Group

No comments:
Post a Comment