အခန်းဝယ်ယူရန်လျှောက်ထားမည့်သူတွင်ကိုက်ညီမှုရှိရမည့်အချက်အလက်များ
၁။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။
၂။ လျှောက်ထားချိန်တွင် အသက် (၂၅) နှစ်ထက်မငယ်ရ။
၃။ လျှောက်ထားမည့်သူသည်မိသားစုတွင်အဓိကပါဝင်မည့်သူများအား သတ်မှတ်၍ လျှောက်လွှာတွင် ဖော်ပြရပါမည်။
အောက်တွင် ဖော်ပြထားသော အစီအစဉ်များထဲမှ တစ်ခုတွင် လျှောက်ထားသူ၏မိသားစုတွင် အဓိကပါဝင်သူများအား သတ်မှတ်ရပါမည်။

၎။ လျှောက်ထားမည့်သူ မိသားစု၏ ပျမ်းမျှလစဉ်ဝင်ငွေ စုစုပေါင်းသည် ( ၃.၀ သိန်း ) ထက် မကျော်ရ။ အကယ်၍ ဆွေမျိုးများပါသော မိသားစုဝင်များ နေထိုင်ရန်အတွက် ၀ယ်ယူမည်ဆိုပါက စုစုပေါင်း လစဉ်ဝင်ငွေမှာ ( ၇.၀ သိန်း ) အောက်ရှိရပါမည်။ ၄င်းဝင်ငွေများအတွက် ခိုင်လုံသော အထောက်အထား တင်ပြရမည်။ ၄င်းလိုအပ်ချက်များအား သတ်မှတ်ရခြင်းမှာ ၄င်း တန်ဘိုးမျှတအိမ်ရာတွင် အမှန်တကယ် အိမ်လိုအပ်သူများအား နေထိုင်စေလိုသောကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းအိမ်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရမှ ထောက်ပံ့ပေးထားသောကြောင့် ဖြစ်ပါသည်။
၅။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသည် ၄င်းတို့၏ စုဆောင်းငွေဖြင့် အရစ်ကျ လက်ငင်းငွေချေ စနစ်ဖြင့် ၀ယ်ယူခွင့်ရှိသည်။ မိသားစုဝင်များ၏ ၀င်ငွေဖြင့်လည်း ချေးငွေစနစ်ဖြင့် ၀ယ်ယူနိုင် ပါသည်။
၆။ ချေးငွေစနစ်ဖြင့် ၀ယ်ယူလိုပါက လျှောက်ထားသူသည် ၄င်းနှင့် ၄င်း၏ မိသားစုဝင်များ၏ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာသော အထောက်အထားအား တင်ပြရမည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း (သို့)ကုမ္ပဏီဝန်ထမ်းများအတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲ ထောက်ခံချက်အား ပူးတွဲတင်ပြရမည်။ ယင်းထောက်ခံချက်သည် ၄င်းဝန်ထမ်း၏ ၀င်ငွေနှင့်ပတ်သက်၍ အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိ တာဝန်ယူရမည် ဖြစ်ပါသည်။
၇။ လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော ပိုင်ဆိုင်ခွင့်ရှိသူ (သို့) ၄င်း၏ မိသားစုဝင်များသည် အခြားအိမ်ခန်း၊ အိမ်နှင့်မြေအရစ်ကျ ၀ယ်ယူမှုများအား လျှောက်လွှာ မတင်မီလ (၃၀)အတွင်း သော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူခွင့် ရရှိပြီးချိန်နှင့် အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိလည်းကောင်း ၀ယ်ယူခြင်း၊ပိုင်ဆိုင် ခြင်း မပြုလုပ်ရပါ။
၈။ အိမ်ခန်းအား (၅) နှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရ။ သတ်မှတ်ချိန်ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်း ရောင်းချခွင့်ပြုမည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။
၉။ အိမ်ခန်းလျှောက်ထားမည့်သူနှင့် မိသားစုတွင် အဓိကပါဝင်သူများသာအမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး အငှားချထားခြင်းမပြုလုပ်ရပါ။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများအား ဝယ်ယူလို သူများ အနေဖြင့် လျှောက်လွှာပုံ စံကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော် မတီ အင်ဂျင်နီ ယာဌာနတွင် လာရောက်ကြည့်ရှု ၍ လျှောက်လွှာများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှ စတင် ၍ လက်ခံလျက်ရှိပြီး ဇန်နဝါရီ ၃၁နောက်ဆုံးထားပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။
by search myanmar
No comments:
Post a Comment