မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရေးသည်
ထိုင်းလူမျိုးများအကြားတွင် အထူးရေပန်းစားလျက်ရှိ ကြောင်း ဘန်ကောက်ပို့စ်၏
ဇန်န၀ါရီ ၁ ရက်ထုတ် သတင်းတစ်ပုဒ်တွင်ဖော်ပြထားသည်။
ယခုနှစ်သစ်ကူးကာလ ပိတ်ရက်အတွင်း မြန်မာနိုင်ငံသို့လာရောက်ရန်
ခရီးစဉ်များအားလုံးကို
ကြိုတင် ရောင်းချထားပြီးဖြစ်ကြောင်းနှင့် နှစ်သစ်ကူးကာလ (Happy New Year) နှင့် တရုတ်နှစ်သစ်ကာလတို့ တွင် ထိုင်းလူမျိုးများသည် မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်လေ့ရှိကြပြီး အများအားဖြင့် ရန်ကုန်၊ မန္တလး၊ ပဲခူး၊ ပုဂံနှင့် ကျိုက်ထီးရိုးဘုရားတို့သို့ သွားရောက်ကြကြောင်း ယင်းသတင်းတွင် ဆက်လက် ဖော်ပြထားသည်။
ထိုင်းခရီးသွားကုမ္ပဏီတစ်ခုဖြစ်သော Quality Express ၏ မန်နေးဂျင်းဒါရိုက်တာ သန်နာပိုချီဝါရာ တန်နာပွန်ကစရိတ်နည်းလေကြောင်းလိုင်းများကြောင့် ထိုင်း-မြန်မာ ခရီးသွားလုပ်ငန်းသည် ပိုမိုဖွံ့ဖြိုး လာမည်ဟု အဆိုပါသတင်းတွင် မှတ်ချက်ပြုပြောကြားထားသည်။
ထို့နောက် ပြီးခဲ့သည့်ဆီးဂိမ်းပွဲသည် ဒေသတွင်းနိုင်ငံများအလယ်တွင် မြန်မာ့ခရီးသွားလုပ်ငန်းအား ပွဲ ထုတ်နိုင်ခဲ့ကြောင်းနှင့် ထိုင်းမှမြန်မာသို့လာရောက်သည့် ခရီးသွားအရေအတွက်သည် နှစ်စဉ် ၂၀ ရာခိုင် နှုန်းခန့် တိုးတက်လာလိမ့်မည်ဟု မစ္စတာသန်နာပိုက ဆက်လက်သုံးသပ်ထားသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိသည့် နိုင်ငံခြားခရီးသည်များအနက်တွင် ထိုင်းလူမျိုးများ လာရောက်မှုသည် အရေအတွက်အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင် သောအသင်းအဖွဲ့များမှထုတ်ပြန်သော စာရင်းများအရသိရသည်။
လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာ့စီးပွားရေးနယ်ပယ်၏ အလားအလာကောင်းသော လုပ်ငန်းများအနက် ခရီးသွားလုပ်ငန်းသည် အထွန်းတောက်ဆုံးဖြစ်လိမ့်မည်ဟု မြန်မာစီးပွားရေးလုပ်ငန်းရှင်များဘက်က သုံးသပ်ထားကြပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလကုန်ပိုင်းအထိ မြန်မာသို့လာရောက်လည် ပတ်သော ခရီးသွားဦးရေမှာ စံချိန်တင်အဖြစ် ၁ ဒသမ ၉ သန်းပြည့်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက မကြာမီရက်ပိုင်းအတွင်းက ထုတ်ပြန်ပြောကြားထားသည်။
ထိုင်းခရီးသွားဌာနမှ ထုတ်ပြန်သော စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့သော ထိုင်းခရီးသွားဦးရေ ၇၂,၀၂၉ ဦးရှိကာ တိုးတက်မှုနှုန်း ၃ ဒသမ ၉၉ ရာခိုင်နှုန်း၊ တစ်ဦးချင်းပျမ်းမျှနေထိုင် မှု ၄ ဒသမ ၂၉ ရက်၊ တစ်ဦးချင်း ပျမ်းမျှသုံးစွဲမှု ၃၂၁၇ ဘတ် (၁၀၇ဒေါ်လာ ခန့်)နှင့် အဆိုပါကဲ့သို့ လာ ရောက်လည်ပတ်မှုမှ မြန်မာနိုင်ငံအနေဖြင့်ရရှိသော ၀င်ငွေကန်ဒေါ်လာ ၁ ဒသမ ၉၉ သန်းတို့ ဖြစ်သည်။
၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ပြည်ပခရီးသည်အရေအတွက်မှာတစ်သန်း ကျော်အဖြစ် ဆယ်စုနှစ်အတွင်း စံချိန်တင်ခဲ့ကာ ယင်းမှနေ၍ ၀င်ငွေကန်ဒေါ်လာ ၅၃၄ သန်းရရှိခဲ့ပြီး တစ် ဦးချင်းပျမ်းမျှသုံးစွဲမှုသည် ၁၃၅ ဒေါ်လာဖြစ်သည်။
by mizzima

No comments:
Post a Comment