အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို ချစ်သူရည်းစားမဟုတ်သည့် အလုပ်အတူလုပ်သူက
ကားတင် ခေါ်ဆောင်ပြေးပြီး ၀ါးခယ်မမြို့တွင် သားမယားအဖြစ်
ပေါင်းသင်းခဲ့သည်ဟုဆိုကာ တိုင်တန်းမှုကို လှိုင် သာယာရဲစခန်းက ဇန်န၀ါရီ ၂၆
ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့စခန်းက
ထုတ်ပြန်ထားသည်။
အမှုတွင် ဇန်န၀ါရီ ၂၁ ရက် ည ၈ နာရီ ခွဲက
(၇)ရပ်ကွက်နေ အသက် ၅၄ နှစ်ရှိ တရားလို အမျိုးသမီး ကြီးသည် ၁၆ နှစ်
သမီးအပါအ၀င် ၎င်းအလုပ်သမားတစ်ဦးတို့နှင့်အတူ တံတားဖြူလမ်းမကြီးဘေးရှိ
လက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်ဖက်ရည်သောက်ခဲ့သည်ဟု ဆိုထားသည်။
ထို့နောက်
သမီးဖြစ်သူကို ကြာဆံကြော်ဝယ်ခိုင်းရာမှ ည ၉ နာရီခွဲအချိန်ထိ
ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ အမျိုးသားတစ်ဦးက
လက်ဆွဲ၍ တက္ကစီဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ရသည်ဟု တရားလိုက ရဲထံတွင်
ဆိုထားသည်။
ထို့နောက် ဇန်န၀ါရီ ၂၃ ရက်တွင် ကြက်ဒိုင်တစ်ခုတည်းတွင်
အလုပ်လုပ်သည့် သန့်ဇင် (၂၃)နှစ်၏ ၀ါးခယ်မမြို့ရှိ နေအိမ်သို့ သွားရောက်
စုံးစမ်းရှာဖွေရာ သမီးဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆို သည်။
ထို့ပြင်
သန့်ဇင်သည် သမီးဖြစ်သူကို အအေးနှင့် ဘီယာရောတိုက်ပြီး ၀ါးခယ်မမြို့သို့
ခေါ်ဆောင်သွား ကာ ချစ်ကြိုက်ခြင်းမရှိဘဲ သားမယားအဖြစ် ပေါင်းသင်းထားကြောင်း
သမီးဖြစ်သူက ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူက ၀ါးခယ်မရဲစခန်းတွင်
အမှုဖွင့်တိုင်တန်းခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့်
ဝါးခယ်မရဲစခန်းက (ပ)၁၁ /၂၀၁၄ဖြင့် ပုဒ်မ ၃၆၃/၃၆၆တို့ဖြင့်
အမှုဖွင့်စစ်ဆေးပြီး ပေါ်ပေါက် ချက်များအရ လှိုင်သာယာရဲစခန်းက (ပ)၁၀၃/၂၀၁၄
ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၆၃/၃၆၆ တို့ဖြင့် ဆက် လက်အရေးယူရန်
တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။
Mizzima
No comments:
Post a Comment