၂၀၁၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ယူအီးအက်ဖ်အေ အစည်းအဝေးတွင်
မန်ယူနည်းပြဟောင်း ဖာဂူဆန်ကို ယူအီးအက်ဖ်အေက နည်းပြသံတမန်အဖြစ်
ခန့်အပ်လိုက်သည်။ ပြီးခဲ့သည့် မေလက နည်းပြရာထူးမှ အနားယူခဲ့သည့် ဖာဂူဆန်မှာ
လက်ရှိအချိန်တွင် မန်ယူအသင်း ဒါရိုက်တာ၊ သံတမန်ရာထူးများ ရယူထားသူဖြစ်ပြီး
ယူအီးအက်ဖ်အေမှ ခန့်အပ်ခဲ့သည့် နည်းပြသံတမန် ရာထူးအတွက် ဂုဏ်ယူမိကြောင်း
ပြောကြားခဲ့သည်။
ယင်းအတွက်ကြောင့် ဖာဂူဆန်အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပသည့်
ထိပ်တန်း နည်းပြများ အစည်းအဝေးသို့ တက်ရောက်ရမည်ဖြစ်ပြီး
ဥရောပပြိုင်ပွဲများနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲများတွင်
နည်းစနစ်လေ့လာသူများအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း ပါဝင်နေကြောင်း သိရသည်။
Yoyarlay

No comments:
Post a Comment