Wednesday, January 15, 2014

ရှမ်းမြောက် မုံးလားတွင် ဆင်စွယ်အစိတ်အပိုင်း သုံးထောင်ကျော် တွေ့ရှိ

ရန်ကုန် ။ ။ သားရိုင်းတိရစ္ဆာန် ဝယ်ယူမှု စောင့်ကြည့် လှုပ်ရှားသူများအဖွဲ့ TRAFFIC၏ လျှို့ဝှက်အဖွဲ့တစ်ဖွဲ့က မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးလားမြို့တွင် ထောင်ပေါင်းများစွာသော ဆင်စွယ်ပစ္စည်းများ လွတ်လပ်စွာ ရောင်းဝယ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ဗီအိုအေ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါ လျှို့ဝှက်အဖွဲ့တွင် သားရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့ TRAFFICနှင့် အောက်စဖို့ ဘရွတ်စ် တက္ကသိုလ်တို့မှ အဖွဲ့ဝင်များ ပါဝင်ပြီး မုံးလားမြို့တွင် ဆင်စွယ် အစိတ်အပိုင်း ၃၃ဝဝနှင့် ထုတ်ယူပြီးစ ဆင်စွယ် ၅ဝတို့ကို တွေ့ခဲ့ရသည်ဟု ဆိုစည်။
"မုံးလားက သားရိုင်းတိရစ္ဆာန် အရောင်းဈေးကွက်ဟာ ကြီးမားပြီး ဆင်ကအစ ကျား၊ ငှက်မျိုးစုံ ဝယ်ယူရရှိနိုင်ပါတယ်။ ဒီလောက်များတဲ့ ဆင်စွယ်အရေအတွက် တွေ့ရတာ အံ့ဘနန်းပါပဲ။ အရင်တုန်း နည်းနည်းပါးပါးပဲ တွေ့ရတယ်။ ဒီလောက်များများတွေ့ဖို့ မျှော်လင့်မထား မိဘူး"ဟု TRAFFIC၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်(စ်)ရှက်ဖတ်က ပြောသည်။
မုံးလားတွင် ယခုကဲ့သို့ ဆင်စွယ်များ တွေ့ရှိမှုကို TRAFFICက မြန်မာနှင့် တရုတ်အာဏာပိုင်များကို သတင်းပို့မည်ဟု ဆိုသည်။

Mizzima

No comments:

Post a Comment