တည်ဆဲဥပဒေ များနှင့် ဗီဇာစည်းမျဉ်း ကန့်သတ်ချက်များကို ချိုးဖောက်မှုကြောင့်
မန္တလေးတိုင်း ဒေသကြီးမှ နိုင်ငံခြားသား ၃၈ ဦးကို ၂၀၁၃ ခုနှစ်အတွင်း
ပြည်နှင်ဒဏ် ပေးခဲ့ရာ ပြည်နှင်ဒဏ် ပေးခံရသူများမှာ တရုတ်နိုင်ငံသားများသာ
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေး နှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး
ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ဒေသတွင် ယခုနှစ် နိုဝင်ဘာလက အမျိုးသား
ကြီးပွားတိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ရွှေလုပ်ကွက်တွင်
တရုတ်နိုင်ငံသား ၂၄ ဦး သွားရောက်၍ ရွှေလုပ်ငန်း လုပ်ကိုင်နေစဉ်
ယမ်းခွဲပြီး ရွှေတူးရာမှ အောက်ဆီဂျင် ပြတ်တောက်ပြီး တစ်ဦးမှာ သေဆုံးသွား
ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာတွင် ကျန် ၂၃ ဦးသည် တရားဝင်
လုပ်ကိုင်ရန် အတွက် သတ္တုတွင်းဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံနေစဉ်
သွားရောက်လုပ် ကိုင်ခဲ့ခြင်း ဖြစ်သဖြင့် တရားမဝင် ရောက်ရှိနေခြင်း
ဖြစ်ကြောင်း ယင်းတို့ကို ဥပဒေအရ အရေးယူခဲ့ပြီး ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း၊
ကျန် ၁၅ ဦး ကိုလည်း အခြားသော အကြောင်းကိစ္စရပ် များကြောင့် ပြည်နှင်ဒဏ်
ပေးခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများ အရ သိရသည်။
မန္တလေးတိုင်းဒေသကြီး
အတွင်း ပြီးခဲ့သည့် ၂၀၁၂ခုနှစ်တွင် နိုင်ငံခြားသား၂၈ဦးကို ပြည်နှင်ဒဏ်
ပေးခဲ့ရာ တရုတ်နိုင်ငံသား၂၁ ဦး ပါဝင်ခဲ့ကြောင်း အဆိုပါ ဌာနမှတ်တမ်းများ အရ
ထပ်မံသိရသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း ပညာရေးကဏ္ဍ၊ သတ္တုကဏ္ဍနှင့်
ဝန်ဆောင်မှု ကဏ္ဍ တို့တွင် ဝင်ရောက်လုပ်ကိုင်နေသူ နိုင်ငံခြားသား
တစ်ထောင်ကျော်ခန့် ရှိပြီး ယင်းအထဲတွင် တရုတ်နိုင်ငံသား ၉၀၀ ကျော်
ပါရှိကြောင်း ယင်းဌာနထံမှ သိရသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၎
ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂၀၁၄ အရ တစ်နိုင်ငံလုံးတွင်
ပြစ်ဒဏ်ကျ ခံနေသော အကျဉ်းသားများ၏ နှစ် ၄၀ အောက် ပြစ်ဒဏ်ချခံသူများကို
ပြစ်ဒဏ်လေးပုံတစ်ပုံကို လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်
ပြုခဲ့ရာ မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၈၈၂ ဦး လွတ်မြောက်လာရာ
တရုတ်နိုင်ငံသား ၃၄ဦး နှင့် သြစတြေးလျ နိုင်ငံသားတစ်ဦး တို့ကို
ပြည်နှင်ဒဏ်ပေး၍ ပြန်လည်စေလွှတ် ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု
ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက
ထပ်မံ ပြောကြားသည်။
The Voice Weekly

No comments:
Post a Comment