လာမည့်နှစ် ရန်ကုန်တွင် သိန်းရာ ဂဏန်းပေးရသော တိရစ္ဆာန်သားသတ် ခွင့်
လိုင်စင် (စီ)စနစ်အား ဖျက်သိမ်းကာ ဈေးခုံ စနစ် (သို့မဟုတ်)ခေါင်းခွန် စနစ်
ဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး
လုပ်ငန်းအဖွဲ့ချုပ်မှ သိ ရသည်။
သားသတ်ခွင့် လိုင်စင်(စီ) ရရှိရန်
အတွက် သိန်းရာဂဏန်းပေးရပြီး မွေးမြူ သူများမှာ ၄င်းတို့ ချုပ်ကိုင်သော ဈေး
နှုန်းအောက်တွင် ရှိခြင်း၊ ယင်းကြောင့် မွေးမြူထုတ်လုပ် သူများအတွက် အကျိုး
အမြတ်နည်းသော သားသတ်ခွင့် လိုင် စင် (စီ)ကို ပြုပြင်ပြောင်းလဲရန် အချိန်
တန်ပြီဖြစ်ခြင်းကြောင့် ဖျက်သိမ်းလိုက် ခြင်း ဖြစ်ကြောင်း သိရသည်။
မွေး/အဖွဲ့ချုပ်မှ
အကြံပေးဒေါက် တာ သန်းလှက ”လိုင်စင်(စီ)အောက် မှာ ရောင်းချနေရတဲ့
မွေးမြူသူတွေဟာ လုပ်ငန်းတိုးချဲ့ချင်စိတ်မရှိတော့ဘူး။ သူ တို့က မွေးမြူတဲ့
သူတွေကို ဈေးနှိမ်ပြီး ပေးကြတယ်”ဟု ပြောသည်။
တိရစ္ဆာန်သားသတ်ရုံမှ
ထွက်ရှိ သော အသားများကို မြို့နယ် စည်ပင်နှင့် မွေး/ကုဦးစီးဌာနတို့ရှိ
တာဝန်ရှိသူများ က စားသုံးရန်သင့်သော အသား၊ အစိတ် အပိုင်းနှင့်
စားသုံးရန်မသင့်သောအသား၊ အစိတ်အပိုင်း တို့ကို စစ်ဆေးပေးလျက် ရှိကြောင်း
သိရသည်။
ဈေးခုံ စနစ်သို့မဟုတ် ခေါင်းခွန် စနစ်ဆိုပါက ဈေးပိုပေးသော
မည်သူနှင့် မဆို ရောင်းချ၍ ရကြောင်း၊ မွေးမြူသူ များ ဈေးပိုရလာမှသာ
လုပ်ငန်းတိုးချဲ့ လာနိုင်မည်ဖြစ်ေ ကြာင်း မွေး/အဖွဲ့ချုပ် မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခေတ်မီ မွေးမြူရေး စနစ်ဖွံ့ဖြိုးတိုး
တက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင် လာရန်လိုအပ်ကြောင်း၊ ထို့ပြင်
ဈေး ကွက်ကောင်းများ ဖန်တီးပေးမှ သာ မွေး မြူသူများမှာ အသေးစားမှ အလတ်စား
လုပ်ငန်းများအဖြစ် ကူးပြောင်းလာနိုင် မည်ဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal
No comments:
Post a Comment