မစိုးရိမ်တိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်းမှ တပည့်သံဃာတော် အပါး ၁၅၀၀ ကျော်နှင့် တပည့် ဒကာ/မများက အေးရိပ်ငြိမ်သုဿာန်သို့ စည်ကားသိုက်မြိုက်စွာ လိုက်ပါ ပို့ဆောခင်ဲ့ကြပြီး ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်တွင် အရိုးပြာများကို ဧရာဝတီမြစ်အတွင်း ရေမျှာပူဇော်ခဲ့ကြတာလည်း ဖြစ်ပါသည်။
အဆိုပါ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မီးပြာကျသည့် ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်အချိန်ထိ တပည့်သံဃာတော်များက စောက်ရှောက်ခဲ့ကြရာမှ မနက် ၄ နာရီခန့်အချိန် အရိုးပြာများကို အရိုးအိုးထဲသို့ ထည့်သိမ်းရန်ပြုလုပ်စဉ် အခုလို ရောင်ခြည် ထွက်ပေါ်ခဲ့တာကို ထူးထူးခြားခြား တွေ့မြခင်ဲ့ရတယ်လို့ သံဃာတစ်ပါးက မိန့်ကြားသည်။
မဏိစလ နာရေးကူညီမှုအသင်းမှ စေတနာရှတင်စ်ဦးကလည်း ၄င်းတို့ ကူညီပြုလုပ်ပေးခဲ့သည့် သက်တမ်းတစ်လျှောက် အခုလို ထူးခြားမှုမျိုးကို တခါမှ မမြင်တွေ့ခဲ့ဖူးဘူးလို့လည်း ပြောဆိုပါတယ်။
မစိုးရိမ်းဆရာတော်ကြီးသည် ဟိတ်ဟန်မများ အလိုနည်းပါးခြင်း၊ ရိုးရိုးအေးအေး၊ မှန်မှန်ကန်ကန် ကျင့်သုံးနေထိုင်တော်မူခြင်း စသည့်အချက်များနှင့် မစိုးရိမ်သံဃာတော်များအတွင်း ထရငှ်ား လေးစားရသည့် ဆရာတော်ကြီးဖြစ်တယ်လို့လည်း သိရှိရသည်။
Credit: Myanmar CNN

No comments:
Post a Comment