နေပြည်တော်၊ မဇ္ဈိမ ။ ။ မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)
ထုတ်ပေးသည့် ရုံးများကို နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၅ ခု
တွင် ၂၀၁၄၊ ဇန်နဝါရီ ၂ ရက်၌ တစ်ပြိုင်တည်း ဖွင့်လှစ်လိုက်ကြောင်း ပြည်ထဲရေး
ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ပြည်ပကိုသွားရောက်ရန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း ရှိပါက
လျှောက်ထားနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ် ၂၅,၀၀၀ ကုန်ကျမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့မှ ၁၀ ရက်အတွင်း ရရှိမည် ဖြစ်သည်။
ပြည်နယ်နှင့်တိုင်း ပတ်စ်ပို့ရုံးခွဲများတွင် ပြည်ပသို့
အလည်သွားမည်သူများ၊ အလုပ်အကိုင်ဖြင့် သွားမည့်သူများ၊ ပညာတော်သင်
သွားမည့်သူများ၊ စီးပွားရေးဖြင့် သွားမည့်သူများ၊ ဘာသာရေးဖြင့်
သွားမည့်သူများ၊ မှီခိုဖြင့် သွားမည့်သူများ၊ သင်္ဘောသားများစသော အမျိုးအစား ၇
မျိုးကို ထုတ်ပေးမည် ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံကူးလက်မှတ်များကို ရန်ကုန်မြို့နှင့်
မန္တလေးမြို့တွင်သာ လျှောက်ထားနိုင်သော်လည်း ဇန်နဝါရီ ၂ ရက်မှစကာ
တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စတင် လျှောက်ထားနိုင်ပြီဖြစ်ကာ ပုံစံ ၁၇၊
၁၉လိုအပ်ချက်များကဲ့သို့ လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်များကိုလည်း
လျော့ချလိုက်ပြီ ဖြစ်သည်။
by mizzima
No comments:
Post a Comment