၂၀၁၅ ခုနှစ်မှ စတင်၍ ငါးနှစ်အတွင်း မြန်မာ့လေကြောင်းအတွက် ဘိုးရင်းကုမ္ပဏီမှ
လေယာဉ်အသစ် ၁၀ စင်း ၀ယ်ယူသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဇန်န၀ါရီ ၁၄ ရက်၌ကျင်းပသော
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ဒုတိယနေ့
ရပ်နားချိန်တွင် ပြောကြားသည်။
' ၂၀၁၅ ကစပြီးတော့
မြန်မာ့လေကြောင်းအတွက် နောက်ဆုံးပေါ် ဘိုးရင်း 737 New Generation
လေယာဉ်သစ်ကို တစ်နှစ်နှင်းစင်းနှုန်းနဲ့ သုံးနှစ်မှာ ခြောက်စင်းဝယ်ဖို့
လုပ်ထားတာရှိတယ်။ ခြောက်စီးပြည့်သွားရင် ဘိုးရင်းကပဲ
နောက်ထပ်လေးစင်းထပ်ဝယ်မယ်။ ငါးနှစ် အတွင်း စုစုပေါင်း ၁၀စင်း ၀ယ်မယ်။
ပြည်တွင်းမှာလည်း သုံးမယ်။ ပြည်ပခရီးစဉ်ကို ကိုရီးယားနဲ့ ဂျပန်ကိုဆွဲဖို့
စီစဉ်ထားတယ် ' ဟု ၀န်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံသို့
လေကြောင်းဖြင့် ခရီးသည် ၀င်ရောက် မှုမှာ ၃၅ ရာခိုင်နှုန်းထိ တိုးတက်လာပြီး
နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်း အတွက် ၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်အတွင်း ATR 72-600 ခရီးသည်တင်
လေယာဉ်နှစ်စင်း၊ Cessna 208 B
လေယာဉ် နှစ်စင်း၊ ဘိုးရင်း 737-800 လေယာဉ်နှစ်စင်းအားဖြည့်ပြေးဆွဲ
သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု လွှတ်တော်၌
ပြောကြားခဲ့သေးသည်။
' ဘိုးရင်းက လေယာဉ်သစ်တွေ ၀ယ်မယ့်ကိစ္စကို
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကလည်း အတည်ပြုပြီးပြီ။
ဂျီအီးကုမ္ပဏီနဲ့လည်း လက်မှတ်ထိုး ပြီးပြီ ' ဟု ၎င်းက အတည်ပြု ပြောကြားသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:
Post a Comment