နိုင်ငံအဝှမ်းရှိ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့(B order
Guard Police-BGP)ဖွဲ့စည်းပြီး တရားမ၀င် လူဝင်/ထွက်မှုများကို
ဟန့်တားနိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည်ဟု ပြည်ထဲရေး
ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်နဝါရီလ ၂၄ရက်
အမျိုးသားလွှတ်တော်၌ ပြောသည်။
"နယ်နိမိတ်ခြင်းထိစပ်နေတဲ့ တစ်ဖက်နိုင်ငံများမှ ယခင်ကထက် လူဝင်လူထွက်
ပိုမိုများပြားလာခြင်း၊ ကုန်စည်စီး ဆင်းမှုပိုမိုများပြားလာခြင်းအပြင်
တရားမဝင်လုပ်ငန်းများလည်း ပိုမိုများပြားလာသောကြောင့်" ဟု
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောသည်။
တရားမဝင် လူဝင်လူထွက် ဟန့်တားရန်အပြင် နယ်ခြားဒေသများ လုံခြုံရေး၊
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိရောင်စွာ
အရေးယူဆောင်ရွက်နိုင်ရန်နှ င့် အမျိုးသားအကျိုးစီးပွား ထိခိုက်စေမည့်
အန္တရာယ်မှ ကြိုတင်ကာကွယ်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး
တင်ပြထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
မြန်မာ့နိုင်ငံတွင် ကြည်း၊ ရေ၊ လေ ရဲအရာရှိများမွေးထုတ်ပေးရန်
နိုင်ငံတစ်ကာအဆင့်မီ Police Academy တက္ကသိုလ်ဖွင့်ရန် မကွေးတိုင်းမှ
အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ဇန်နဝါရီ ၂၄ရက်က အမျိုးသားလွှတ်တော်တွင်
မေးမြန်းစဉ် ဒု-ဝန်ကြီးက ယင်းကဲ့သို့ ဖြေသွားခဲ့ခြင်းဖြစ်သည်။
Police Academy တက္ကသိုလ်ဖွင့်ရန်မှာ ပြုပြင်ပြောင်လဲမှုများ
ဆောင်ရွက်နေသည့် လက်ရှိအချိန်တွင် ပြည်တွင်းလုံခြုံရေးကို
ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေရသည့်အတွက် အစီအစဉ်မရှိဟု
ဒု-ဝန်ကြီးကပြောသည်။
ရခိုင်ပြည်နယ်တွင်လည်း နယ်စပ်ဒေသလုံခြုံရေး၊ တရားမဝင် ဝင်ရောက်မှုများကို
ထိရောက်စွာ ကာကွယ်တားစီးနိုင်ရန် အတွက် ဖွဲ့စည်းထားသော နယ်စပ်ဒေသ
လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် အား ၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ ၁၂
ရက်နေ့တွင်ဖျက်သိမ်းခဲ့သည့်အတွက် ယင်းတာဝန်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့
မှ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ မှ
ခွင့်ပြုထားပြီးဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
Mizzima
No comments:
Post a Comment