ထိုင်းမြန်မာနယ်စပ် စခန်းတွေဆီက 
ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက 
ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ 
ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၉
 နှစ် ရှိပြီ၊ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ရေးအတွက် နောက်ဆုံး 
လုပ်ဆောင်ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်တယ်လို့ ဆိုတယ်။
ဒီ ၉ နှစ်အတွင်း မြန်မာပြည်က ဒုက္ခသည် ၇၃,ဝဝဝ ကျော်ကို အမေရိကန်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့ 
DPA သတင်းဌာနက ရေးသားတဲ့ သတင်းကို ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာ ဖော်ပြထားတာပါ။
တခြားနိုင်ငံတချို့ကလည်း မြန်မာဒုက္ခသည်တွေကို လက်ခံခဲ့ဖူးပေမယ့် အမေရိကန်ကတော့ အလုံးအရင်းနဲ့ လက်ခံခဲ့တဲ့နိုင်ငံပါ။
အမေရိကန်အစီအစဉ်ရပ်ဆိုင်းလိုက်ချိန် ထိုင်းမြန်မာနယ်စပ်စခန်းတွေထဲ ဒုက္ခသည် ဘယ်လောက် ကျန်ပါသလဲ။
တသိန်းကျော် ကျန်ပါသေးတယ် တဲ့။
ဒီတသိန်းကျော် ဘယ်တော့ မြန်မာပြည်ပြန်ရမလဲ ဆိုတာကတော့ ဘယ်သူမှ သေချာမပြောနိုင်သေးပါ။
ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းလက်ကျန် ၂ နှစ်အတွင်းတော့ ဟုတ်မယ် မထင်ပါ။
သူတို့ပြည်တော်ပြန်ရေးအသံက
 ခပ်တိုးတိုးတောင် မထွက်၊ ပြီးတော့...ဦးသိန်းစိန်တို့က  ဆောင်ရွက်စရာတွေ 
အများအပြား ရှိနေတာကြောင့် ဒုက္ခသည်အရေးကို ဦးစားပေးမယ်လို့ 
မယူဆနိုင်ပါဘူး။သူတို့ ပြည်တော်ပြန်ရေးအသံက ရွေးကောက်ပွဲနီးတဲ့အခါ နိုင်ငံရေးသမားတချို့က နေရာကွက်ကြား ပြောဆိုကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။
Irrawaddy Facebook 
 

No comments:
Post a Comment