အဲဒီ အလုပ်သမားတွေဟာ ချင်းမိုင်မြို့ နောင်ပါခန့်ရပ်ကွက်
ဘိက်စီးကုန်တိုက် အနောက်က ဆောက်လက်စ ၇ ထပ်တိုက်ပေါ်မှာ ပန်းရန်လုပ်နေတာ
ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့ နေခင်း ၁ နာရီ လောက်မှာ ပြုတ်ကျ ခဲ့တာ
ဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သူတို့တွေဟာ
သံတိုသံစတွေကို ပုံးနဲ့ ကောက်ထည့်နေစဉ် ပုံးထဲက သံစတွေရဲ့ အလေးချိန်ကြောင့်
သံငြမ်း ကျိုးကျပြီး အလုပ်သမား ၃ ယောက် ၇ ထပ် တိုက်ပေါ်ကနေ
ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
အလုပ်သမား ၃ ယောက်မှာ စိုင်းပီး အသက် ၂၈ နှစ်ခန့်က
အခင်ြး်ဖစ်ပွားရာ နေရာမှာ သေဆုံးပြီး လုင်းဝိ အသက် ၄၀ နဲ့ အသက် ၁၇
နှစ်အရွယ် လူငယ်တဦးကတာ့ နခွန်းဖင်ဆေးရုံမှာ အတွင်းလူနာအနေနဲ့
ကုသနေရတယ်လို့ သိရပါတယ်။
သူတို့ ၃ ဦးလုံးဟာ ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်က
ဖြစ်ပြီး ထိုင်းနိုင်ငံထဲ လာလုပ်တာ မကြာသေးကြောင်း၊ ၃ ဦးလုံး
အလုပ်သမားကတ်တွေ ရှိပြီး အသုဘစရိတ်၊ ဆေးဖိုးဝါးခနဲ့ နစ်နာကြေး စတာတွေ
ရရှိဖို့ အလုပ်သမားခေါင်းဆောင်က လိုက်လံ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၂၀၀ လောက် ရှိပြီး အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။by DVB

No comments:
Post a Comment