မုံရွာ၊ မဇ္ဈိမ ။ ။ မုံရွာတွင် နိုင်ငံကူးလက်မှတ်များ
ထုတ်ပေးမည့် ရုံးခွဲ ဇန်န၀ါရီလ ၂ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး
လျှောက်ထားသူများသည် နှစ်ပတ်အတွင်း နိုင်ငံကူးလက်မှတ် ရရှိမည်ဖြစ်ကြောင်း
တိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဝင်းမြင့်က ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမည့် ရုံးခွဲကို
မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်းတွင် ဖွင့်လှစ်မည်ဖြစ်သည်။
ထို့အပြင် ပြည်ပသို့သွားရောက်မည့် သက်ကြီးရွယ်အိုများနှင့်
ကျန်းမာရေးမကောင်းသည့် အရေးပေါ်လူနာများအတွက်မူ အိမ်တိုင်ရာရောက်
သွားဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။စစ်ကိုင်းတိုင်းမှ အိန္ဒယနိုင်ငံ ဗုဒ္ဓဂယာသို့ ကုန်းလမ်းခရီးဖြင့် အလွယ်တကူ သွားရောက်ဖူးမြော်နိုင်ခြင်းကြောင့် ယခုနှစ်ဘုရားဖူးရာသီတွင် နိုင်ငံကူးလက်မှတ် အများအပြား လုပ်ပေးနိုင်လိမ့်မယ်ဟု မျှော်လင့်ထားကြောင်း ရဲမှူးဝင်းမြင့် ကပြောသည်။
by mizzima
No comments:
Post a Comment