Wednesday, January 29, 2014

သေဘာၤသား အချိန်ပိုနစ်နာကြေး ဒေါ်လာတစ်သန်းကို လာထုတ်သူ ၂ဝဝ ဦးခန့်သာရှိသေး

အမေရိကန်နိုင်ငံ အခြေစိုက် Eastwind Vessels သင်္ဘောကုမ္ပဏီတွင် ငါးနှစ်ဝန်းကျင် လုပ်ကိုင်ခဲ့သော
မြန်မာသင်္ဘောသားများ အနေဖြင့် အချိန်ပို နစ်နာကြေးများ လာရောက်ထုတ်ယူရန် အယောက် ၄ဝဝကျော် လိုနေသေးသည်ဟု
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်သူရက မဇ္ဈိမကိုပြောသည်။
လွန်ခဲ့သော ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း Eastwind Vessels သဘောင်္ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သော သဘောင်္သားများ၏ အချိန်ပို နစ်နာကြေးငွေ အမေရိကန်ဒေါ်လာ တစ်သန်း နစ်နာကြေးငွေ ရရှိခဲ့ခြင်းဖြစ်သည်။
လာရောက်ထုတ်ယူရန်အတွက် သဘောင်္သားဦးရေ ၆ဝဝ စာရင်းရှိထားသော်လည်း လာရောက် ထုတ်ယူသူ ၂ဝဝ ဦးခန့်သာ ရှိနေသည်ဟု ဦးအောင်သူရက ပြောသည်။

Eastwind Vessels သဘောင်္ကုမ္ပဏီတွင် ပြေးဆွဲခဲ့သော သဘောင်္  Jose Bright ၊ Jose Breeze ၊ Jose Stream ၊ Kohzan Maru 2 ၊ Kohzan Maru V ၊ Annapurna၊ Safmarine Asia ၊ Safmarine Europe ၊ Hakufu  ဆယ်စီးတွင် အလုပ်လုပ်ခဲ့သော သဘောင်္သား များ၏ အချိန်ပို လုပ်ခလစာများနှင့် ပတ်သက်၍ အမေရိကန် တရားရှေ့နေများနှင့် တိုင်ပင်ပြီး သဘောင်္သားတို့၏ ရပိုင်ခွင့်များကို
တောင်းဆိုခဲ့ရာမှ ဒေါ်လာတစ်သန်း ရရှိခဲ့ခြင်းလည်း ဖြစ်သည်ဟု  ဆိုသည်။
"သဘောင်္သား တစ်ယောက်ကို လုပ်တဲ့ နှစ်အလိုက်ပေါ်မူတည်ပြီး နစ်နာမှု ရတာတွေရှိပါတယ်။ တစ်ချို့ကြတော့လည်း ဒေါ်လာ၂၅ဝ၊ ၃ဝဝ လည်းရတယ်။ တစ်ချို့ကျတော့လည်း ၁၅ ဒေါ်လာ၊ ၁၆ ဒေါ်လာပဲရတဲ့ လူတွေရှိတယ်။ သဘောင်္သားတွေရဲ့ နစ်နာမှုတွေကို ရှေးရှု တဲ့သဘောပါ " ဟု ဦးအောင်သူရက ပြောသည်။
မြန်မာနိုင်ငံမှ သဘောင်္သားများ ပင်လယ်ပြင်တွင် နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်မှုများ နှင့် ပတ်သက်ပြီး ခုနှစ် ၂ဝဝဝ ပြည့်နှစ်
နောက်ပိုင်းတွင် လုပ်ခလစာပြသနာများ လစာဖြတ်တောက်မှုများ ၊ အချိန်ပိုနစ်နာကြေးများ မရှိဟု အဆိုပါ သမဂ္ဂအဖွဲ့မှ သိရှိရသည်။
သဘောင်္သား လုပ်ခလစာ နစ်နာမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂရုံးတွင် လာရောက် ထုတ်ယူနိုင်ကြောင်း ကို သတင်းစာများတွင် ကြေငြာတွေ့၍ လာရောက်ထုတ်ယူရခြင်း ဖြစ်သည်ဟု အမျိုးသား၏ အချိန်ပို လုပ်ခလစာကို လာရောက် ထုတ်ယူသော ဒေါ်မေကြည်သန့် ကပြောသည်။
"သဘောင်္သားတွေ အတွက်အခုလို ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေ အများကြီး ပေါ်လာစေချင်ပါတယ် ။ ဒါမှ သဘောင်္သားတွေအတွက် အဆင်ပြေမယ်။ နောက်ပြီး နိုင်ငံရပ်ခြားကို သွာမယ့် သဘောင်္သားတွေဟာ ဒီသမဂ္ဂအဖွဲ့တွေမှာ အဖွဲ့ဝင်အဖြစ် ဝင်ပြီးလုပ်သင့်တယ် " ဟု ဒေါ်မေကြည်သန့်က ပြောသည်။
အချိန်ပိုနစ်နာကြေးငွေကို အချို့သော သင်္ဘောသားများက ထုတ်ယူနိုင်ရန် မသိသေးသူများနှင့် အချို့မှာ ရရှိသည့် နစ်နာကြေးငွေ နည်းသည့်အတွက် လာရောက်ထုတ်ယူခြင်း မရှိပေ။ နစ်နားကြေးငွေကို မိသားစုများအနေဖြင့် ကိုယ်စားလှယ်လွှဲစားများ၊ အထောက် အထားများဖြင့် လာရောက်ထုတ်ယူနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံပင်လယ်ပျော်များ သမဂ္ဂအဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် ပြည်ပတွင်စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ နိုင်ငံတွင် ၂ဝ၁၂ ခုနှစ် နိဝင်ဘာလ ၈ရက်တွင် ရုံးခန်း ပြန်လည်ဖွင့်ခွင့်ရခဲ့ပြီး ယခုအခါ အဖွဲ့ဝင်ပေါင်း ၂ဝဝဝ ခန့်ဖြင့် ဖွဲ့စည်းထားပြီး သဘောင်္သားတို့၏ ရပိုင်ခွင့် အခွင့်ရေး များကို လုပ်ဆောင်ပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ စုံစမ်းသိရှိရသည်။

Mizzima

No comments:

Post a Comment