(သစ္စာသတင်းဂျာနယ်)
တပ်မတော်အနေဖြင့် ယခင်
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ချမှတ်ခဲ့သည့်
တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး ၄ ရပ်အား အမြဲတမ်းလိုက်နာသွားရမည့်
မူဝါဒအဖြစ် လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
"တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး
(၄)ရပ်နှင့် တပ်ကို ကောင်းအောင် လုပ်ပေးရမယ်။ (၁) အချက် လေ့ကျင့်ရေးနှင့်
တပ်တည်ဆောက်၊ (၂)အချက် အုပ်ချုပ်ရေးနှင့် တပ်တည်ဆောက်၊ (၃) အချက်
သက်သာချောင်ချိရေးနှင့် တပ်တည်ဆောက်၊ (၄)အချက် စိတ်ဓါတ်နှင့်
တပ်တည်ဆောက်ရမယ်။ ဒီ တပ်တည်ဆောက်ရေးတာဝန်ကြီး (၄)ရပ်ဆိုတာ အရင်
ဗိုလ်ချုပ်မှုးကြီး သန်းရွှေချမှတ်ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော်အတွက်
အမြဲတမ်း လိုက်နာရမယ့် မူဝါဒ ဖြစ်ပါတယ်" ဟု ပြောဆိုသည်။
၂၀၁၃
နိုဝင်ဘာလ ၂၉ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေး
အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အုပ်ချုပ်မှုမွမ်းမံသင်တန်း အမှတ်(၃/၂၀၁၃)
သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားရာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က
အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများနှင့် ပတ်သက်၍-
"လွန်ခဲ့တဲ့
ဆယ်နှစ်တာအတွင်း တပ်မတော်သားတွေ အပြင်မှာ ဆိုက်ကားနင်းတဲ့သူ၊
တက္ကစီမောင်းတဲ့သူ၊ အငှားဆိုင်ကယ် မောင်းတဲ့သူတွေ ရိပါတယ်။ အရာရှိများ
စဉ်းစားကြည့်ပါ။ တပ်မတော်ဟာ ပြည်သူကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာ။
တပ်မတော်သာေးတွ ဆိုက်ကားနင်းပြီး စားဝတ်နေရေး လုပ်နေရတာ ဘယ်လိုမှ
မသင့်တော်ဘူး။ တို့ရဲ့ မူဝါဒက တပ်မတော်ဟာ မိမိခြေထောက်ပေါ်၊
မိမိဂုဏ်သိက္ခာရှိရှိ ရပ်တည် လုပ်ကိုင်နိုင်ရမယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို
အတတ်နိုင်ဆုံး မြှင့်ထားရမယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ တိုင်းပြည်အတွက်
နိုင်ငံနှင့်အ၀န်း လုပ်ငန်းတွေမှာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာ အများကြီး
ရှိတယ်။ ဒီလောက်လုပ်ပေးနေတာတောင် အကောင်း မပြောတဲ့သူတွေ ရှိနေဆဲ ဖြစ်တယ်။
ဒီဘက်ခေတ် ဒီမိုကရေစီခေတ်မှာကျတော့ တပ်မတော်သားတွေ စားဝတ်နေရေးအတွက်
အပြင်ထွက်ပြီး အလုပ်လုပ်ရမယ်ဆိုရင် လက်ညိုးထိုးဖို့
အဆင့်သင့်စောင့်နေတဲ့သူတွေ ရှိတယ်။ တပ်မတော်က တိုင်းပြည်အတွက် ဒီလောက်
လုပ်ပေးခဲ့တာတောင် အကွက်ချောင်းပြီး ထောက်ချင်၊ ပြောချင်နေကြတယ်" ဟု
ပြောဆိုသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး-
"မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာ ပြည်တွင်းသောင်းကျန်းမှုတွေကြောင့်
နောက်ကျရတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ အဲဒါကြောင့် လက်နက်ကိုင်
ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ခေတ်အဆက်ဆက် ကြိုးစားခဲ့တယ်။ သဘောထား
ကွဲလွဲတာတွေ၊ သဘောထားမကွဲလွဲတာတွေ ကုစားခဲ့ပေမယ့် ငါတကောကောပြီး ငါဆိုတဲ့
စိတ်နဲ့ လုပ်ခဲ့ကြတဲ့အတွက် တိုင်းပြည်ဟာ အခုထိ မတည်မငြိမ် ဖြစ်နေတာဟာ
ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒီအဖြစ်တွေကို မိမိတို့ ကျော်ချင်တာ။
တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ စစ်အစိုးရမို့လို့
ငြိမ်းချမ်းရေးအလှမ်းဝေးတယ် ပြောကြတယ်။ အခု ပါတီစုံဒီမိုကရေစီစနစ်ကို
သွားနေတာ ဖြစ်တယ်။ မည်သည့်နိုင်ငံရေးစနစ်ပဲ ကျင့်သုံးသည် ဖြစ်စေ၊
လက်နက်ကိုင် ပဋိပက္ခတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူး။ အဲဒါကြောင့် မိမိတို့
ငြိမ်းချမ်းရေး ရအောင် လုပ်ချင်တယ်။ မိမိတို့ကစပြီးတော့ ဘာတစ်ခုမှ
သွားမလုပ်ဘူး။"
"ဒါပေမယ့် တိုင်းပြည်ရဲ့ Situation ကိုတော့ လာပြီး
ထိခိုက်အောင် လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားနဲ့ပတ်သက်ပြီး ထိပါးလို့
မရဘူး။ ပြည်သူလူထုနဲ့ပတ်သက်ပြီး သည်းခံလို့ မရဘူး။
လမ်းပန်းဆက်သွယ်မှုလုံခြုံရေးနဲ့ ပတ်သက်ပြီး သည်းခံလို့ မရဘူး။ ဒါမျိုးတော့
တို့ လက်မခံဘူး။ တပ်မတော်က ဒီအတိုင်း ကြည့်နေလို့ မရဘူး။ တပ်မတော်ရဲ့
တာဝန်က နိုင်ငံတော်ကာကွယ်ဖို့ တာဝနှ်ရိတယ်။ နိုင်ငံတော်လုံခြုံမှုကို
ပေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အတိအလင်း ပြဌာန်းထားပြီးသား
ဖြစ်တယ်။ ပြည်တွင်း ပြည်ပအန္တရာယ်များကို ကာကွယ်ဖို့အတွက် တပ်မတော်က
ဦးဆောင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင်
ခွဲထွက်ဖို့ဟာတွေ မလုပ်ရင် ဘာမှ ပြဿနာ မရှိဘူး။"
"ဦးရဲထွဋ်ကို
ပြောရေးဆိုခွင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ
တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ လို့ မေးတဲ့အခါ
မြန်မာနိုင်ငံမှာ တောင်ပိုင်းမှာ ဘာမှမဖြစ်ဘူး၊ မြောက်ပိုင်းမှာပဲ
ဖြစ်နေတာမို့ စဉ်းစားကြည့်မယ် ဆိုရင် သိနိုင်တယ် လို့ သူက ပြန်ဖြေခဲ့ပါတယ်။
ပြဿနာ ရှာလာရင်တော့ ဖြစ်မယ်၊ မရှာရင်တော့ မဖြစ်ဘူး။ ဒါကြောင့် တပ်မတော်ဟာ
တိုင်းပြည်တည်ငြိမ်ရေးနဲ့ပတ်သက်ရင် တာဝန် ရှိတယ်။ သမိုင်းကြောင်းမှာဆိုရင်
၄၈ ခုနှစ် လွတ်လပ်ရေးမရခင် ရဲဘောသုံးကျိပ်နဲ့ တပ်မတော်
စဖွဲ့တဲ့အချိန်ကစပြီး ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုတစ်လျှောက်လုံးမှာ တပ်မတော်က ဦးဆောင်ပါဝင်ခဲ့တယ်။
တပ်မတော်သည် စည်းကမ်းနဲ့ အမိန့်နာခံမှုအပေါ်မှာ အခြေခံပြီးတော့မှ
ဖွဲ့စည်းထားတဲ့ တပ်မတော် ဖြစ်တယ်။"
"Institution က စည်းကမ်းနဲ့
စိတ်ဓါတ်၊ အမိန့်နာခံမှုအပေါ်မှာ အခြေခံထားတယ်။ ဒီနေ့ တို့သွားနေတဲ့
ဒီမိုကရေစီစနစ် နိုင်ငံတော်ရဲ့ Institution ကို အရာရှိများ ကြည့်တတ်ရင်
တွေ့လိမ့်မယ်။ ဘာတစ်ခုမှ အားရစရာ မတွေ့ရဘဲ စည်းကမ်း မရှိ၊ ဥပဒေ မလိုက်နာ၊
အလုပ်မလုပ်ချင်၊ အခွင့်အရေးသမားတွေ များတယ်။ စသည်ဖြင့် မျိုးစုံ
တွေ့နေရတယ်။ ဒီအချိန်မှာ တိုင်းပြည် ပြိုကွဲဖို့အတွက် တိုင်းရင်းသားတွေရဲ့
ပဋိပက္ခကို ရှေ့တန်းတင်ပြီး လုပ်နေတာတွေ ရှိတယ်။ ဒီလို အခြေအနေမျိုးကို
ထိန်းနိုင်ဖို့ ဆိုရင် တပ်မတော် တစ်ခုပဲ ရှိတယ်။ ဒါကြောင့် မြင်အောင်
လုပ်တတ်ဖို့ လိုတယ်။"
"ငြိမ်းချမ်းရေးယူတာ ကြောက်လို့ မဟုတ်ဘူး။
တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့
တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်ပြီး လုပ်မယ် ဆိုတဲ့
နို်င်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်ချင်တဲ့စိတ်၊ ဒီမိုကရေစီ
နိုင်ငံအနေနဲ့ သွားနိုင်ဖို့အတွက် တပ်မတော်က ဒီမိုကရေစီလမ်းကြောင်း ဆိုတာ
ခင်းတာ ဖြစ်တယ်။ နိုင်ငံခြားက တိုက်တွန်းလို့ လုပ်တာ မဟုတ်ဘူး။ တပ်မတော်က
၈၈ မှာ အာဏာယူပြီးကတည်းက ပြောခဲ့ပြီးသား ဖြစ်တယ်။"
"ဒါ့ကြောင့်
ငြိမ်းချမ်းရေး မရလို့ရှိရင် ဒီမိုကရေစီကို သွားလို့ရမှာ မဟုတ်တဲ့ အတွက်
ငြိမ်းချမ်းရေးကို ယူတာဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်း ရောက်ဖို့ကလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားရမယ်။ ဒီနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အမှီသဟဲ
ပြုထားတယ်။"
"ရှင်းအောင် ပြောလို့ရှိရင် ဒီမိုကရေစီတို့၊
ငြိမ်းချမ်းရေးတို့ ဆိုတာက အာဏာ ခွဲဝေဖို့အတွက် မဟုတ်ပါဘူး။ စစ်မှန်တဲ့
ဒီမိုကရေစီလမ်းကြောင်းပေးမှာ တိုင်းပြည် တည်တည်ငြိမ်ငြိမ်
အေးအေးချမ်းချမ်းနဲ့ တိုးတက်စေဖို့အတွက် ငြိမ်းချမ်းရေးယူတာ ဖြစ်ပါတယ်။"
"ကြောက်လို့လည်း
မဟုတ်ပါဘူး။ ဘယ်သောင်းကျန်းသူကိုမှ မတိုက်နိုင်စရာ အကြောင်းလည်း မရှိဘူး။
မတိုက်ရဲစရာ အကြောင်းလည်း မရှိပါဘူး" ဟု ပြောကြားခဲ့သည်။
by Search Myanmar

No comments:
Post a Comment