Thursday, January 30, 2014

Excel Tower နှင့် သီရိမင်္ဂလာဈေးဟောင်း တစ်ရက်တည်းမီးလောင် ဆုံးရှုံးမှုတန်ဖိုး သိန်း ၁၄ဝ ကျော်ရှိ

ရွှေဂုံတိုင် Excel Tower နှင့် သီရိမင်္ဂလာဈေးဟောင်း တစ်ညတည်း မီးလောင်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး သိန်း ၁၄ဝကျော်ဆုံရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက အဆင့်မြင့် အရာရှိတစ်ဦးက ဇန်နဝါရီ ၂၉ ရက်တွင် မဇ္ဈိမကိုပြောသည်။
ဇန်နဝါရီ ၂၈ ရက်က ည ၉ နာရီ ၁၇ မိနစ်ခန့်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း Excel Tower ၏ ၆ရှိ Royal Treasure Beauty Sloonတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အင်ဗာတာနှင့် လျှပ်စစ်ပစ္စည်းများ Flat  TVတစ်လုံး၊ Desktop ကွန်ပျူတာ တစ်လုံး၊ Hitachi ၁ ကောင်ခွဲအား အဲယားကွန်းသုံးလုံးနှင့် ပရိဘောဂပစ္စည်းများ မီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၉ သိန်း ၅သောင်းဖိုးခန့် ဆုံးရှုံးခဲ့သည်။

မီးသတ်မှ အဆင့်မြင့်အရာရှိတစ်ဦးက “မီးလောင်မှုက အင်ဗာတာဖွင့်ထားရာကနေ အပူလွန်ကဲပြီး အနီးမှာရှိတဲ့  ကွန်ပျူတာ၊ ပရိဘောဂနဲ့ အဲယားကွန်းကို မီးကူးစက်ပြီး စတင်မီးလောင်မှုဖြစ်ပွားတာပါ” ဟု ပြောသည်။
ယင်းမီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၂၄ စီး၊ အထောက်အကူပြုယာဉ် ၆ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ မီးငြိမ်း၊ သန္ဓေမီးသတ် ၁၇၉ ဦး၊ အရန်မီးသတ် ၈၈ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅၂ ဦးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ရာ  ည ၉ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားသည်။
ထိုနေ့တွင်ပင် ည ၁၁း၄၅ နာရီခန့်၌ ကြည်မြင့်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေး(အဟောင်း) ၄ ထပ်တွင် Sima ပရိဘောဂ အလုပ်ရုံ၌ မီးလောင်ခဲ့သည်။
thirimingalar
အဆိုပါ မီးလောင်မှုမှာ ပရိဘောဂလုပ်ငန်းက ထွက်ရှိသော လွှစာမှုန့်နှင့် အခြားမှုန့်များ အိပ်ဇောပန်ကာအတွင်း ဝင်ရောက်ပြီး မော်တာ
ငြပ်ပြီး အပူလွန်ကဲရာမှ စတင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း မီးလောင်မှုကြောင့် အဆောက်အဦး တန်းဖိုးကျပ် ၂၄သိန်း၊ သစ်ထိုင်ခုံ ၃ဝ လုံး၊ တန်းဖိုးကျပ် ၉ သိန်း၊ စတီထိုင်ခုံသုံးစုံ တန်ဖိုးကျပ် ၉ သိန်း၊ ဘီဒို အလုံး၂ဝ တန်ဖိုးကျပ် သိန်း ၆ဝ၊ အိပ်ဇောပန်ကာ အလုံး ၂ဝ တန်ဖိုးကျပ် ၂ သိန်း၊ လျှပ်စစ်ပစ္စည်းနှင့် အလုပ်ရုံသုံးပစ္စည်းတန်ဖိုးကျပ် ၅ သိန်း နှင့် ၅-ဂါလံ ဆံ့ရေဆေးပါ ပလပ်စတစ်ပုံး ၆ဝ ပုံး တန်ဖိုးကျပ် ၁၂ သိန်း၊ စုစုပေါင်း ၁၂၁ သိန်းဖိုးခန့်ဆုံးရှုံးခဲ့သည်။
ယင်းမီးလောင်ဖြစ်ပွားမှုအား မီးသတ်သို့ သတင်းပေးသူ မျက်မြင်အမျိုးသားတစ်ဦးက “မီးလောင်တာတွေ့လို့ မီးသတ်ကို သတင်းပို့ တယ်။ မကြာပါဘူး မီးသတ်ကားတွေရောက်လာတယ်။ မီးကများတယ်။ မီးညွန့်တွေက အပြင်ကိုထွက်နေတာ မီးသတ်ကထိန်းနိုင်လို့ မဟုတ်ရင် ဟက်ပီးဝေါ(Happy World) ပါကူးနိုင်တယ်။ နှစ်ထပ်မှာလည်း ကားပါကင်ရှိတဲ့အတွက် အန္တရာယ်များတယ်။ မီးသတ်က လည်း အပေါ်ကို တက်ပြီးခက်ခက်ခဲခဲ မီးငြိမ်းရတယ်” ဟုပြောသည်။
မီးသတ်မှ ဇန်နဝါရီ ၂၉ ရက် ဝဝး၅ မိနစ်အချိန် သတင်းရရှိသဖြင့် မီးငြိမ်းသတ်ယာဉ် ၄၂စီး၊ အထောက်အကူပြုယာဉ် ၁ဝစီး၊ ကွပ်ကဲမှု ယာဉ် ၅ စီး ၊သန္ဓေမီးသတ် ၂၈၇ ဦး၊ အရန်မီးသတ် ၁၇၆ ဦင်္း၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅ဝ ဦးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ရာ နံနက် ၁ နာရီ ၃၇ မိနစ်တွင်မီးငြိမ်းသွားခြင်းဖြစ်သည်။ မီးလောင်မှုတွင် ရေဂါလန် ၂၇၈၆၇ဝ အသုံးပြုခဲ့သည်။

Mizzima

No comments:

Post a Comment