Agent ပေါင်း ၉၈၁၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေ
အပေါ်မှီတည်၍ ထားရှိသွားမည်ဖြစ်ပြီး Agent များ အနေဖြင့် Mobile Money
လုပ်ကိုင် ဆောင်ရွက်ရာတွင် နစ်နာမှုများ ရှိခဲ့ပါက အကျိုးခံစားခွင့်ကို
ပြန်လည် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ယနေ့ Mobile Money မိတ်ဆက်ပွဲမှ
သိရသည်။
Mobile Money ဝန်ဆောင်မှု လုပ်ငန်း၌ Super Agent လုပ်ကိုင်လိုပါက သိန်း ၂၅၀ မှ သိန်း ၁၀၀၀ကြား၊ Agent အနေဖြင့် လုပ်ကိုင်လိုပါက သိန်း ၅၀ မှ သိန်း ၂၅၀အကြား အပေါင်ငွေ ပေး သွင်းရမည်ဟု အင်းဝဘဏ်မှ သတ်မှတ်ထား ရှိသည်။
“ကျွန်တော်က အခု သိန်း ၅၀ ထည့်ထားတယ်။ ကျွန်တော်တို့ အနေနဲ့က ငွေကြေး လွှဲပြောင်းတဲ့အပေါ်မှာ ရာခိုင်နှုန်း တစ်ခု သတ်မှတ်ပြီး အမြတ်ရတယ်။ တကယ်တော့ အပေါင်ငွေ ထည့်ရတာ များတယ်။ အသေးစား စီးပွားလုပ်ငန်း အနေနဲ့ သူတို့က ရည်ရွယ်ထားပေမယ့် ကိုယ်တွေအနေနဲ့ ကတော့ များနေသေးတယ်။ များများ လည်ပတ်ရင်တော့ တစ်မျိုးဖြစ်လာနိုင်တယ်။ ဘယ်လောက် လည်ပတ်မယ်ဆိုတာ မသိတော့ ကိုယ်ကငွေကို ထည့်ပြီး ရန်ထားရတယ်” ဟု Agent တစ်ဦး အဖြစ် လုပ်ကိုင် နေသည့် ဦးမျိုးမင်းက ပြောသည်။
Agent များနှင့် ပတ်သက်၍ နစ်နာမှုများ ရှိခဲ့ပါက အကျိုးခံစားခွင့်ကို ပြန်လည် ဆောင်ရွက်ပေးမည်ဟု အင်းဝဘဏ်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။ လက်ရှိအချိန်၌ မြန် မာနိုင်ငံအတွင်း Super Agent အရေအတွက် ၂၄ ခုရှိပြီး Agent အရေအတွက်၃၀ ရှိသည်ဟု သိရသည်။
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ခံ၊ အင်းဝဘဏ် လက်အောက်ခံ၊ ဒဂုံအဖျော်ယမကာ လီမိတက် လက်အောက်ခံဟူ၍ Agent များကို ထားရြှိခင်း ဖြစ်ြပီး လက်ရှိကာလ၌ တိုင်းဒေ သကြီးနှင့် ပြည်နယ်များရှိ လူဦးရေ အလိုက် Agent ပေါင်း ၉၈၁၀ ကို ထားရှိရန် စီမံထားကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် သန့်ဇင်ငြိမ်းက ပြောသည်။
Mobile Money ဝန်ဆောင်မှု လုပ်ငန်းကို နီးစပ်ရာ Agent များနငှ့်ဆက်သွယ်၍ ယနေ့မှ စတင် အသုံးပြုနိုင်မည် ဖြစ်ပြီး အသုံးပြုရာတွင် SMS စနစ်၊ USSD စနစ်၊ Application စနစ်ဟူ၍ သုံးမျိုးခွဲခြား အသုံးပြုနိုင်မည် ဖြစ်ကြောင်း အင်းဝဘဏ်က ထုတ်ပြန်ခဲ့သည်။ ငွေလွှဲခြင်းနှင့် ငွေထုတ်ခြင်းကို ဆောင်ရွက်မည် ဆိုပါက သတ်မှတ်နှုန်းအတိုင်း ပေးဆောင်ရမည် ဖြစ်သည်။

No comments:
Post a Comment