မန္တလေးမြို့ စိတ္တရမဟီရပ်ကွက်၊ ၇၅လမ်း၊ ၂၈
လမ်းနှင့် ၂၉လမ်းကြားရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး(NLD)ရှိရာ
ပျဉ်ထောင်အိမ်မှ စတင်ကာ ဇန်နဝါရီ ၂၃ရက် နေ့လည် ၃နာရီခန့်က မီးလောင်ကျွမ်းမှု
တစ်ခု ဖြစ်ပွား ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ရှစ်ဆယ့်နှစ်သိန်း
ငါးသောင်းဖြစ်ကြောင်း အမှတ် ၁ ပြည်နယ်နှင့် တိုင်းဒေသကြီး မီးသတ်ရုံးများ
ကွပ်ကဲမှုဦးစီးဌာနခွဲက သိရသည်။
ယင်းကဲ့သို့ မီးလောင်ကျွမ်းခြင်းသည် မီးကြွင်းမီးကျန်ကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ မီးလောင်ကျွမ်းမှု
ကြောင့်
ပေ ၂ဝ×၃ဝ ထရံကာသွပ်မိုး၊ မြေစိုက်အိမ် ၂လုံး၊ ပေ ၂ဝ× ပေ ၆ဝ နံကပ်
၂ထပ်တိုက်၏ အပေါ်ထပ်နှင့် အာစီလေးထပ်တိုက်၏ မှန်များကွဲကြေပျက်စီး
ဆုံရှုံးခဲ့သည်။
မီးစတင်လောင်ကျွမ်းသည့် ပျဉ်ထောင်အိမ် ပြိုကျပြီးနောက် ဘေးဘက် အိမ်များကို ကူးစက် လောင်ကျွမ်းခဲ့သည်။
မီးလောင်ချိန်မှာ နေ့လယ် ၃ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ပြီး ၁၅
မိနစ်ခန့် ကြာမြင့်ပြီး မီးသတ်ယာဉ် ၅၄ စီးဖြင့် ငြှိမ်းသတ် ခဲ့ရသည်။
မီးလောင်ကျွမ်းခြင်းနှင့် ပတ်သက်၍ အိမ်ရှင်ကို နယ်မြေခံရဲတပ်ဖွဲ့၊
မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဌာန တို့မှ စစ်ဆေး
နေပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
Mizzima
No comments:
Post a Comment