Tuesday, January 21, 2014

PEPSI အချိုရည် ပြည်တွင်းတွင် ထုတ်လုပ်မှု ပြန်စမည်

မြန်မာနိုင်ငံ၌ နှစ်နှစ်ဆယ်အတွင်း ထုတ်လုပ်မှုတစ်ကျော့ပြန်အဖြစ်စတင်မည့် PEPSI အချိုရည် ထုတ်လုပ်မှုအား ကန်ဒေါ်လာ သန်း ၈၀ ကျော်ဖြင့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း PEPSI ကုမ္ပဏီ၏ အာရှနိုင်ငံများဆိုင်ရာ ထုတ်လုပ်ခွင့်ရ ကိုရီးယားနိုင်ငံအခြေစိုက် LOTTE Chilsung Beverage Co., Ltd မှ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးစိုးသူရက မဇ္ဈိမသို့ ဇန်န၀ါရီ ၁၉ ရက်က ပြောကြားလိုက်သည်။

ယင်းသို့ ပြည်တွင်း၌ PEPSI အချိုရည် ထုတ်လုပ်မှုပြန်လည်စတင်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံ အခြေ စိုက် LOTTE Chils-ung Beverage Co., Ltd နှင့် မြန်မာနိုင်ငံမှ Myanmar Golden Star (MGS) Beverage Co., Ltd တို့က အကျိုးတူပူးပေါင်းလိုက်ပြီးဖြစ်ကာ ဇန်န၀ါရီ (၁၅) ရက်က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း ဇန်န၀ါရီ ၁၇ ရက်က သတင်းထုတ်ပြန်ထားသည်။
ဦးစိုးသူရက “လက်ရှိအချိန်မှာတော့ ပြည်တွင်းမှာ စက်ရုံရှိပြီးသားဖြစ်တဲ့ MGS စက်ရုံမှာပဲ ထုတ်လုပ်မှု ကိုလုပ်ကိုင်သွားဖို့ ရှိပါတယ်။ နောက်ပိုင်း ဈေးကွက်အခြေအနေအရ စက်ရုံအသစ်ထပ်ပြီးတိုးချဲ့ရင်လည်း တိုးချဲ့နိုင်မှာပါ။ လက်ရှိ ပြည်တွင်းမှာ ထုတ်လုပ်ခွင့်ကိုပဲ ဒေါ်လာသန်း ၈၀ ကျော်ရင်းနှီးသွားမယ် လို့ LOTTE ဘက်က ပြောထားပါတယ်” ဟု ပြောသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအတွက် LOTTE Chilsung Beverage ကုမ္ပဏီမှ ၇၀ ရာခိုင်နှုန်းနှင့်MGSမှ ၃၀ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းကာ ပြည်တွင်း၌ ထုတ်လုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး ၁၇ မြိုသို့ ဒေသတွင်းအရောင်းအဖွဲ့အစည်းများဖြင့် စီမံခန့်ခွဲလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်မှု တွင် ပါရှိသည်။
LOTTE-MGS Beverage Co., Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာMr. Byoung-Tak Hur က “မြန်မာနိုင်ငံမှာ Pepsi ထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်အတူ မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးကျေးဇူး ကောင်းများကိုလည်း ဆောင်ကြဉ်းလာမှာဖြစ်ပါတယ်။ ဒေသတွင်း အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးသွားမှာပါ။ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကိုလည်း ပို့ချသွားမှာပါ” ဟု သတင်းထုတ်ပြန်မှု တွင် ပြောထားသည်။
PEPSI ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသို့ ယခင်က၀င်ရောက်လုပ်ကိုင်ခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်တွင် ရပ်နားခဲ့ သည်။ ယခုတစ်ကြိမ်တွင် PEPSI ကုမ္ပဏီနှင့် ၁၉၇၆ တွင် စတင်လက်တွဲလုပ်ကိုင်ခဲ့သော အာရှဒေသ တွင်း ထုတ်လုပ်ခွင့်ရရှိထားသည် ကိုရီးယားနိုင်ငံအခြေစိုက် LOTTE အနေဖြင့် ပြန်လည်ဝင်ရောက်လာ ခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment