အဲဒီအခမ်းအနားကို လူပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ နိရဉ္စရာ သတင်းထောက် မနီနွယ်သန်းက ခန့်မှန်း ပြောဆိုပါတယ်။
တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက စေတနာမိုးခန်းမ၊ ပြည်တော်သာ ရပ်ကွက်၊ စစ်တွေမြို့မှာ စတင်ခဲ့ပြီး ညနေ ၄ နာရီထိ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ ANC နာယက ဦးခင်မောင်ကြည်က ရခိုင်အမျိုးသား ညီညွှတ်ရေးနဲ့ ရခိုင်တမျိုးသားလုံး စည်းလုံးညီညွှတ်စွာ လုပ်ကိုင်ကြဖို့လိုတယ်လို့ ပြောဆိုတယ်လို့ မနီနွယ်သန်းက ဆိုပါတယ်။
ANC ကိုယ်စားလှယ်အဖွဲ့ မနေ့က စစ်တွေမြို့ကို ရန်ကုန်က တဆင့် လေယာဉ်နဲ့ ရောက်ရှိလာတဲ့ အခါမှာလည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Narinjara

No comments:
Post a Comment