ဒီကနေ့ နိုင်ငံပိုင်
ကြေးမုံသတင်းစာမှာ မလေးရှားကို သွားပြီး အလုပ်လုပ်မယ့်
မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံမှာ သုံးလို့ရတဲ့ တယ်လီဖုန်း
ဆင်းကတ်တွေကို အခမဲ့ ထုတ်ပေးမယ်ဆိုတဲ့သတင်း တပုဒ် ကျမ သတိထားမိလိုက်တယ်။
အခုလို မလေးရှားနိုင်ငံသုံး
တယ်လီဖုန်း ဆင်းမ်းကတ်တွေကို မြန်မာအလုပ်သမားတွေကို အခမဲ့ ထုတ်ပေး ဖို့
မြန်မာနိုင်ငံက အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာနနှင့်
မလေးရှားနိုင်ငံရှိ Tone Plus ကျ ကုမ္ပဏီတို့က နားလည်မှုစာချွန်လွှာတောင်
ထိုးလိုက်ကြပါတယ်တဲ့။
ကြေးမုံက သတင်းမှာတော့ အခုလိုဖော်ပြထားပါတယ်။
“Tone Plus ကျ ငွေဖြည့်ကတ်ကို တစ်ရက်လျှင် မလေးရှားရင်းဂစ် တစ်ရင်းဂစ်၊ တစ်လ ၃ဝ ရင်းဂစ်
နှုန်း ဖြင့်
ပုံမှန်သုံးစွဲရမည်ဖြစ်ပြီး ငွေဖြည့် ကတ်သုံးစွဲမှုအပေါ်မူတည်၍ အသက်
အာမခံကြေး၊ လေယာဉ် လက်မှတ်၊ ဟိုတယ်အခန်းခ Discount အ များ
ပါဝင်မည်ဖြစ်သည်။
မလေးရှားနိုင်ငံ၏ယခုလက်ရှိခေါ်ဆိုခများထက်
ဈေးနှုန်းလျှော့ထားပြီး မည်သည့် ဟန်း ဆက်နှင့်မဆို တွဲ၍သုံးစွဲနိုင်သည်ဟု
သိရသည်။
''နိုင်ငံခြားရောက်ရင် ကိုယ့်မိသားစု ကိုဆက်သွယ်ဖို့ ဖုန်းကမဖြစ်မနေ
သုံးစွဲ ရမှာပါ၊ အလုပ်သမားတွေအတွက် အသက်အာမခံတွေ Discount တွေ စတဲ့
ခံစားခွင့်တွေပါဝင်တဲ့ အတွက် အကျိုးရှိတဲ့ အစီအစဉ်ဖြစ်မှာပါ''ဟု
မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က
ပြောကြားသည်။” တဲ့။
ဒါနဲ့ မလေးရှားက မိတ်ဆွေတွေဆီ
မေးမြန်းကြည့်တော့ မလေးရှားမှာက ထိုင်းနိုင်ငံမှာလိုပဲ တယ်လီဖုန်း ဆင်းမ်း
ကတ်တွေက အလွန်ဈေးချိုပြီး တခါတရံ ကုမ္ပဏီတွေအပြိုင်အဆိုင်
ပရိုမိုးရှင်းလုပ်လို့ အခမဲ့
ပေးဝေတာတွေလုပ် လေ့ရှိတဲ့အကြောင်း ပြောကြပါတယ်။
ဒီအပြင် မလေးရှားနိုင်ငံကို
လေယာဉ်ခရီးစဉ်နဲ့ ဆိုက်ရောက်လာတဲ့အခါ တချို့လေကြောင်းလိုင်းတွေက ဆင်းမ် ကတ်
အခမဲ့ ပေးဝေငှလေ့ရှိပြီး ၁၅ မိနစ်ကြာ အခမဲ့ ဖုန်း ခေါ်ဆိုလို့တောင်
ရကြတယ်လို့ သူတို့ က ပြောကြပါတယ်။
မြန်မာနိုင်ငံသားတွေအတွက်
အန္တရာယ်ရှိတယ်လို့ တော်တော်များများ ပြောနေတဲ့ မလေးရှားနိုင်ငံကို သွားပြီး
အလုပ်လုပ်ကြမယ့် မြန်မာအလုပ်သမားတွေဟာ ကျေးလက်တောရွာတွေက အများစုဖြစ်ပြီး
အခုလို မှားယွင်းတဲ့ဆွဲဆောင်မှုတွေနဲ့ အလုပ်သမားတွေကို မလေးရှားနိုင်ငံကို
မပို့သင့်ကြဘူး လို့ နိုင်ငံ ရပ်ခြား အလုပ်သမား ပို့နေကြတဲ့ အေဂျင်စီတွေနဲ့
နီးစပ်သူတွေက ပြောကြပါတယ်။
ကျေးလက် တောရွာတွေက မြန်မာတွေဟာ
မြန်မာနိုင်ငံတွင်းမှာတော့ လက်ကိုင် တယ်လီဖုန်း တလုံး ကိုင်ရဖို့
အတော်ခက်ခဲနေခဲ့ကြသူတွေပါတဲ့။ ဒီအပြင် မကြာသေးမီက ၁၅၀၀ ကျပ်တန်
ဆင်းမ်ကတ်မဲတွေ
ဖောက်တာလည်း မပေါက်ဖူးကြသူတွေပါဝင် ကြပါတယ်တဲ့။
အခုလို အလကားနီးပါး ရလေ့ရှိတတ်တဲ့
ဆင်းမ်ကတ်အခမဲ့ ပေးတာကို အခွင့်ထူးကြီးတခုအနေနဲ့ ဆွဲ ဆောင်ပြပြီး
အန္တရာယ်တွေများတဲ့ မလေးရှားနိုင်ငံမှာ မြန်မာလုပ်သားတွေရဲ့ လုပ်အားကို
ရောင်းစားဖို့ လုပ်ဆောင် နေတာတော့ မသင့်တော်ဘူးလို့ ပြောကြပါတယ်။
အလုပ်သမားအရေး
လှုပ်ရှားနေကြသူတွေကလည်း ၂ နိုင်ငံ နားလည်မှုစာချွန်လွှာတွေနဲ့ အလုပ်သမား
ပို့တဲ့ လုပ်ရပ်ဟာ တရားဝင် ခေတ်သစ်ကျေးကျွန်စနစ်ကို အကောင်အထည်ဖော်နေတာပဲ
လို့လည်း ဝေ ဖန် ထောက်ပြနေကြပါတယ်။
Irrawaddy

No comments:
Post a Comment