Wednesday, February 19, 2014

အနာဂတ်မြန်မာ့နျူကလီးယားစီမံကိန်း တပ်မတော်အခန်းကဏ္ဍကြီးမားရေးအတွက် သုံးမည်မဟုတ် ပြည်သူများအတွက်သာ သီးသန့်အသုံးချမည်ဟုဆို

မြန်မာနိုင်ငံတွင်း လျှပ်စစ် စွမ်းအင်ဖူလုံစွာ ရရှိရေးအတွက် ရည်ရွယ်၍နျူကလီးယားစွမ်းအင် အခြေခံသော လျှပ်စစ်ထုတ်လုပ် မှုများကို ရေရှည်စီမံကိန်း၊ အမျိုး သားစီမံကိန်းတစ်ရပ်အနေဖြင့် ချမှတ်အကောင်အထည်ဖော်သွား ရန်လိုကြောင်း၊ ပြည်သူများ ယင်း အပေါ် အမြင်မှားမှုမရှိစေရန် အတွက် ပညာပေးကာလသတ် မှတ်၍ ပညာပေးရန် လိုအပ် ကြောင်း လွှတ်တော်၌ တင်ပြခဲ့ သော ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဦးတင်မောင်ဦး က အနာဂတ်မြန်မာ့နျူကလီး ယားစွမ်းအင် စီမံကိန်းမှာ တပ် မတော်၏ အခန်းကဏ္ဍာကြီးမား လာစေရေးအတွက်သုံးမည်မဟုတ် ကြောင်း ပြောကြားသွားသည်။

““ရေအားလျှပ်စစ်၊ ကျောက် မီးသွေးကနေ လျှပ်စစ်ထုတ်တာ စတာတွေဟာ ဘေးထွက်ဆိုးကျိုး တွေ ရှိသလို လျှပ်စစ်ထုတ်လုပ် နိုင်ဖို့အတွက် တစ်ဖက်ကနေပြီး တော့ ဆုံးရှုံးရတဲ့ပမာဏကလည်း အရမ်းများတယ်။ ဥပမာအနေနဲ့ ကျောက်မီးသွေးပေါ့နော်။ သူကို တန်သောင်းချီလောင်ကျွမ်းဓာတ် ပြုစေမှ လျှပ်စစ်ပမာဏ နည်း နည်းလေးရတာ။ ဆိုလိုချင်တာ က ပြည်သူတွေအားလုံး လျှပ်စစ် စွမ်းအင်ဖူလုံစွာ ရရှိဖို့ ဒီ နျူကလီး ယားစွမ်းအင် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဖို့လိုမယ်။ အဓိကကတော့ လျှပ်စစ်ဓာတ် အားအတွက်ပါ။ ဒါကိုအကောင် အထည်ဖော်ဖို့တော့ လိုမယ်။ သို့သော်လည်းပဲ ဒီအနာဂတ် မြန်မာ့နျူကလီးယားစီမံကိန်းဟာ တပ်မတော်ရဲ့ အခန်းကဏ္ဍကြီး မားလာရေးအတွက် အသုံးချခံ တစ်ခုဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ တကယ်လို့များ ဒါကိုလုပ်ဖြစ်ရင်လည်း ပြည်သူ တွေအားလုံးအတွက်ပဲ လုပ်မှာ ပါ။ ဒီအပေါ်မှာ ပြည်သူကတော့ လတ်တလော အနေအထားအရ နားလည်သေးမှာ မဟုတ်ဘူး။ ဒီလိုစီမံကိန်းမျိုးလုပ်တာဟာ သူ တို့အတွက်ဆိုတာသိဖို့နှစ်တန် သည် ၅ နှစ်၊ ၁၅ နှစ်တန်သည် ၁၅ နှစ် ပညာပေးရေးကာလတွေ တိတိကျကျ သတ်မှတ်ပြီး လုပ် မယ်ဆိုရင်တော့ ပြည်သူတွေ သဘောပေါက်လာမှာပါ။ သို့ သော်လည်း ဒါတွေဟာ တပ်မ တော်အတွက် မဖြစ်ရပါဘူး””ဟု ယခင်တပ်မတော်အဆင်မြင့်အရာရှိ ကြီးတစ်ဦးဖြစ်သူ ဦးတင်မောင်ဦး က ပြောကြားသွားသည်။
ပြည်တွင်းရေးဝေဖန်သူအချို့ မှလည်း ယင်းသို့ ပြည်သူများ အတွက် ဆိုသော်လည်း တပ်မ တော်မှ နိုင်ငံတော်ကာကွယ်ရေး  အကြောင်းပြကာ မိမိတို့၏သြဇာ လွှမ်းမိုးရေးအတွက် အသုံးချသွား နိုင်ကြောင်း သုံးသပ်ကြသည်။

Hot News Journal

No comments:

Post a Comment