မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်း ဖွံဖြိုးတိုး တက်ရေး အတွက် အမှန်တကယ် ဆောင်ရွက်နေသူ
များအား ပြန်လည် ရင်းနှီးမြုပ်နှံ မှုပြုနိုင်ရန် အခွင့် အရေးပေးရန်
လိုအပ်နေသည် ဟု စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ က သမ္မတ ဦးသိန်းစိန် ကို
အကြံပြု တင်ပြသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်
အဆောက် အအုံ၌ ယနေ့ ကျင်းပခဲ့သော နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိက
စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် ဦးတေဇက အထက်ပါ
အတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် နိုင်ငံတော်မှ ချမှတ်မည့်
အစီစဉ်များကိုလည်း လုပ်ငန်းရှင် များကိုပြတ်ပြတ် သားသားချပြ
ပေးစေလိုကြောင်း၊ ယင်းကဲ့သို့ ချမှတ်မည့် ရှေ့လုပ်ငန်းစဉ်များ
ကိုရေးဆွဲခြင်း ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ရှိကြောင်း ၄င်းက
ကျောက်မျက် လုပ်ငန်းရှင်များ ကိုယ်စား အကြံပြု တင်ပြ လိုက်သည်။
" နောက်ဆုံး အနေနဲ့ ကောင်းရင်ကောင်း သလို မကောင်းရင်မကောင်းသလို့
စုပေးဒဏ်ပေး စနစ်ကိုလည်း ကျွန်တော်တို့လက်ခံရန်အဆင်သင့် ရှိပါတယ် " ဟု ၎င်းက
ဆိုသည်။ ယင်းအပြင် သတ္တုတူးဖော်ရေး လုပ်ငန်းဆောင် ရွက်နေသည့်  ဧရိယာများကို
လည်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး ဆောင်ရွက်ပေးစေလိုပြီး ၊ အခွန်အခများ
လည်းလျော့ ချဆောင်ရွက်ပေး စေလိုကြောင်း၊ ကျောက်မျက်ပြပွဲ များမှ
နိုင်ငံတော် အတွက် အခွန်အခ များလည်း များစွာ ရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်၍
၎င်းတို့လုပ်ငန်းကို နိုင်ငံတော်မှ အသိမှတ်ပြုပေးစေလို သည်ဟုပြောသည်။
၂၀၁၂ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ် ခဲ့သော ကျောက်မျက်ပြပွဲ တစ်ပွဲတွင်
နိုင်ငံတော်သို့ အခွန် အဖြစ် ၂.၄ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်
ခန့်က ပြပွဲတစ်ပွဲလျှင် ကျပ်သန်းတစ်ရာ သာရှာဖွေပေးနိုင်ရာ
လက်ရှိအချိန်နှင်နှိုင်းယှဉ်ပါ က ၂၄ ဆမြင့်တက်လာကြောင်း ဦးတေဇကပြောသည်။
Popular News

No comments:
Post a Comment