အမျိုးသားရေး တရားတော်များအား အစဉ်ဟောပြောခဲ့သည့် ဆရာတော်အရှင်ဝီရသူအား
လုပ်ကြံသတ်ဖြတ်ရန် မလေးရှားနိုင်ငံ
အခြေစိုက်အကြမ်းဖက်အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ
ဆုကြေးတိုးမြင့်လိုက်ပြီဆိုသော သတင်း အား ဆရာတော်မှ
မျှော်လင့်ပြီးသားဖြစ်ကြောင်း ဆရာတော် အရှင်ဦးဝီရသူက News Watch
သတင်းဂျာနယ် သို့ ပြောသည်။
“အစ္စလာမ်အစွန်းရောက်အဖွဲ့တွေက ကလေးမ မာလာလာကိုတောင်မှ
ညှာတဲ့သူတွေမဟုတ်ဘူး။ အဲတော့ သူတို့ရဲ့ လိုလားချက်တွေ၊ တောင်းတချက်တွေက
တရားတယ်၊ မတရားဘူးဆိုတာ သူတို့ သိမှာမဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို
ကာကွယ်တဲ့လူကိုတောင် ဆုငွေထုတ်ပြီး တိုက်ခိုက်ဖို့လုပ်နေကြတာ။ ဦးဇင်း ကို
ဒီလိုလုပ်မယ်လို့ သတင်းထွက်တာဟာ မျှော်လင့်ပြီးသားပါ” ဟု ဆရာတော်က
မိန့်ကြားသည်။
ဆရာတော်အား လုပ်ကြံသတ်ဖြတ်ရန် မလေးရှားနိုင်ငံ
အခြေစိုက်မွတ်စလင်အစွန်းရောက် အဖွဲ့တစ်ဖွဲ့က
ဆုကြေးငွေတိုးမြင့်လိုက်ပြီဖြစ်ကြောင်းနှင့် ဆုကြေးငွေပမာဏအား
မသိရသေးသော်လည်း တိကျသေချာသည့် သတင်းရရှိထားသည့်အတွက် ဆရာတော်၏
လုံခြုံရေးအား တက်ကြွလှုပ်ရှားသူ ကိုရဲမင်းဦးက News Watch သတင်းဂျာနယ်သို့
ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ
ဒေါက်တာအေးမောင်တို့နှင့်အဖွဲ့ဝင် ခြောက်ဦးအား မလေးရှားနိုင်ငံရှိ
အစွန်းရောက် အကြမ်းဖက်သမားတို့၏ ချောင်းမြောင်း၍ သေနတ်ဖြင့်
လုပ်ကြံခံခဲ့ရပြီး တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ခြင်းမရှိဟု သိရသည်။
ယင်းကဲ့သို့ အခြေအနေများကြောင့် ဆရာတော် အရှင်ဦးဝီရသူ၏ အသက်အန္တရာယ်လုံ
ခြုံရေးအတွက် စိုးရိမ်သူများရှိနေကြသည်။
“လာသတ်ရင်လည်း သေဖို့အတွက် အဆင်သင့်ပါပဲ။ ဘာလုံခြုံရေးမှ မထားပါဘူး။
သူများနိုင်ငံကို မတရားလို ချင်တဲ့ စီမံကိန်းကြီးရှိတယ်ဆိုရင်
ဝီရသူတစ်ယောက်ကျဆုံးသွားရင် နောက်ဝီရသူ၊ ဝီရသူတွေ အများကြီး
ပေါ်ထွက်နေဦးမှာပါ” ဟု ဆရာတော် အရှင်ဝီရသူက ဆက်လက်မိန့်ကြားသည်။
ယခင်နှစ်က မန္တလေးတွင် ပြုလုပ်သည့် ဆရာတော်၏ တရားပွဲတွင်
အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆရာတော်၏ လုံခြုံရေးအတွက်
စိုးရိမ်မှုများရှိခဲ့သော်လည်း ဆရာတော်က ၄င်းအား လုပ်ကြံသည့်အကြောင်း
အရာပေါ်တွင် စိုးရိမ်ပူပန်သောကြောင့် အမျိုး ဘာသာ သာသနာရေးတွင်
လက်လျှော့သွားမည်မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ဒုချီးရားကျေးရွာ၌
ဖြစ်ပျက်ခဲ့သော ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးမှုနှင့်
ပတ်သက်၍လည်း ၄င်းကျေးရွာရှိ ရွာသားအချို့သည် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ R.S.O
အဖွဲ့ထံ ဆုငွေထုတ်ရန် ရောက်ရှိနေကြောင်း သက်ဆိုင်ရာက
သတင်းထုတ်ပြန်ပေးထားခဲ့သည်။
Myanmar Latest News

No comments:
Post a Comment