အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀
လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို
ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ
ဖြစ်ပါတယ်။
သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို
အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို
ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့
ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို
ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို
့သိရပါတယ်။
ကုရ်အာန်ကျမ်းစာလာ
အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး
ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက
လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ
မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ
မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို
ချမှတ်ခံရမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို
သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ
ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။
Ref: Dailymail

No comments:
Post a Comment