ဘောလုံးအားကစားသမိုင်းမှာ စံချိန်ဟောင်းအများအပြားကို ရိုက်ချိုးခဲ့ပြီး
ကိုယ်ပိုင်စံချိန်သစ် အများအပြားတင်နိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကစားသမား
ရော်နယ်ဒိုဟာ အခုဆိုရင် စံချိန်သစ်တစ်ခုကို
ထပ်မံတင်လိုက်နိုင်ပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အပါတ် ကိုပါဒယ်ရေး
ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အက်သလက်တီကိုမက်ဒရစ်ကို ၀ - ၂ ဂိုးနဲ့ 
အနိုင်ယူခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ပွဲချိန် ၇ မိနစ်မှာ
ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ
ဘောလုံးပွဲတစ်ပွဲရဲ့ ပွဲချိန်မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့
ပထမဆုံးကစားသမားဖြစ်လာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲချိန် ၁
မိနစ်၊၂မိနစ်၊ ၃ မိနစ်၊..ကနေ မိနစ် ၉၀ အထိ မိနစ်တိုင်းမှာ
ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာတာပါ။ ရော်နယ်ဒိုဟာ
ပွဲချိန်မိနစ် ၉၀ မှာ သွင်းဂိုး ၂၀ ရှိပြီး ၄၅ မိနစ် မှာ ၁၂ ဂိုးရှိပါတယ်။
၁
မိနစ်၊ ၇ မိနစ်၊ ၁၅ မိနစ်၊ ၁၇ မိနစ်၊ ၃၁ မိနစ်၊ ၄၀ မိနစ်၊ ၄၃ မိနစ်၊ ၅၃
မိနစ်၊ နဲ့ ၇၈ မိနစ်တို့ မှာတော့ ရော်နယ်ဒို က တစ်ဂိုးပဲ
သွင်းယူထားခဲ့ပေမယ့် ဒီလို မိနစ်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ စံချိန်ကို
ရဖို့ အတွက်တော့ ဘောလုံးလောကမှာ မဖြစ်နိုင်သလောက် ခက်ခဲမှာပါ။ ကစားသမားဘဝ
သွင်းဂိုး ၄၀၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ မကြာသေးခင်ကမှ
ရွှေဘောလုံးဆုကို ရရှိထားသူဖြစ်ပြီး သူဟာ ဒီဆုနဲ့ ထိုက်တန်ကြောင်း အခုလို
သက်သေပြနိုင်ခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြိုင်ဘက်
ဘာစီလိုနာရဲ့ မက်ဆီကတော့ ရော်နယ်ဒိုရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ ၁
မိနစ်၊ ၂မိနစ်၊ ၁၀ မိနစ်၊ ၁၄ မိနစ်၊ ၁၅မိနစ်၊ ၄၆ မိနစ် နဲ့ ၆၉ မိနစ်တို
့မှာ ဂိုးသွင်းယူဖို့ လိုပါသေးတယ်။
ပေါ်တူဂီနဲ
့ရီးယဲလ်မက်ဒရစ်ကစားသမားဟာ လာလီဂါမှာ ပြိုင်ဘက်အသင်းတိုင်းကို
ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား၊ လာလီဂါတစ်ရာသီမှာ အဝေးကွင်းဂိုး ၂၀
သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား စတဲ့ စံချိန် အမြောက်အမြားကို
တင်ထားနိုင်သူဖြစ်ပါတယ်။
Trend Myanmar
No comments:
Post a Comment