Tuesday, February 18, 2014

ဒေါ်ခင်ဝိုင်းကြည်ကို ခေါ်ယူစုံစမ်းအရေးယူမည်ဟူသည့်သတင်း မမှန်ကန်ဟု ရှင်းလင်း

ပည်တွင်းထုတ် အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်တွင် ပါသည့် ပါတီမူဝါဒနှင့် ဆန့်ကျင်ဟောပြောသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို ၎င်းပါတီမှ ခေါ်ယူစုံစမ်းအရေး ယူမည်ဟူသော သတင်းသည် မှားယွင်းဖော်ပြမှုသာဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ရှင်းလင်းပြောဆိုသည်။
ဖေဖော်ဝါရီ ၁၇ ရက်က မြန်မာဂျာနယ်လစ်ကွန်ယက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် (၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “ဒီဂျာနယ်မှာ ပြောထားသလိုမဟုတ်ပါဘူး။ သတင်းမှားပြီး ဖော်ပြထား တာပါ။ ဒါပေမယ့် ကျွန်မကခွင့်လွှတ်ပါတယ်။ အခု သတင်းစားရှင်းလင်းပွဲမှာလည်း စာနယ်ဇင်းကောင်စီက လူတွေကိုလည်း ဖိတ်ထား ပါတယ်” ဟု ပြောသည်။

ဒေါ်ခင်ဝိုင်းကြည်သည် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF)မှ နှုတ်ထွက်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်မည်ဟု အင်တာနက် လူမှုစာမျက်နှာများတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသတင်းများနှင့် ပတ်သက်၍လည်း
ဒေါ်ခင်ဝိုင်းကြည်အနေဖြင့် အခြားပါတီသို့ ဝင်ရောက်မည်မဟုတ်ဘဲ NDFပါတီနှင့်သာ လက်တွဲ၍ ၂ဝ၁၅ရွေးကောက်ပွဲ ဝင်ရောက်သွားမည်ဟု မဇ္ဈိမကိုပြောသည်။
ဒေါ်ခင်ဝိုင်းကြည်သည် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီထံမှ ယခုပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအတွက် ခွင့်ပြုချက် ရယူပြီးဖြစ်သည်ဟု ဆိုသည်။
NDFပါတီက ဖေဖော်ဝါရီ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အင်တာနက်ဖေ့ဘုတ်ပေါ်၌ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် ဒေါ်ခင်ဝိုင်းကြည်တို့၏ ပြောကြားချက်များဟုဆိုကာ ဓာတ်ပုံများနှင့် ဖော်ပြခဲ့သော “ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်
သော ပုဒ်မ ၅၉ အသိပညာပေးဟောပြောပွဲတွင် ဒေါ်ခင်ဝိုင်းကြည်က ဒေါ်အောင်ဆန်းစုကြည်အား မဲမထည့်၊ သူရဦးရွှေမန်းအား မဲထည့်မည်ဟု ပြောဆိုခဲ့သည့်အတွက် ပါတီမှထုတ်ပယ်ခံရသည်” ဟု အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သတင်းများအရ ပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သက်ဆိုင်သူနှစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကြေညာချက်အရ  ဗိုလ်စိန်မှန်ကွင်း
ဟောပြောပွဲတွင် ဒေါ်ခင်ဝိုင်းကြည်က ပုဂ္ဂလိကလွတ်လပ်ခွင့်အရ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းမှာ NDFပါတီနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုထားသည်။

Mizzima

No comments:

Post a Comment