အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးများဖြစ်သော
ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းတို့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း
ခေါင်းဆောင်ေ သာ မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များသည် ယခုနှစ်
ဇန်န၀ါရီ၊ ဖေဖော်ဝါရီ လများအတွင်း မြန်မာငြိမ်းချမ်းရေး စင်တာ၌ လျှို့ဝှက်
စွာ တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုများကို
မြန်မာသံတော်ဆင့်မှ ဦးအေးနေ၀င်းအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက
““ကျွန်တော်တို့ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ
လုပ်ကိုင်တာတော့ မရှိပါဘူး။ မြန်မာငြိမ်းချမ်းရေး စင်တာမှာ လုပ်ကိုင်နေတဲ့
သူတွေနဲ့ ပုဂ္ဂိုလ်ရေးရာတော့ ရင်းနှီးမှုရှိပါတယ်။ အဲဒါကြောင့်
ပုဂ္ဂိုလ်ရေးရာအရ ရင်းနှီးလို့ ဆက်ဆံတာပဲရှိတယ်။ သူတို့ရဲ့
လုပ်ငန်းတွေမှာတော့ လုံးဝပါဝင်ပတ်သက်မှု မရှိဘူး။ အလွတ် သဘော အရ
တွေ့ဆုံဆွေးနွေးတာပါ””ဟုပြောသည်။
မြန်မာငြိမ်းချမ်းရေးစင်တာနှင့်
တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မြန်မာသံတော်ဆင့်မှ
ထပ်မံမေးမြန်းရာ ““ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို
တိုင်းပြည်ကောင်းစားရေး လုပ်တဲ့ကိစ္စဆိုရင် ပြောနိုင်ဆိုနိုင်
လုပ်ကိုင်နိုင်တဲ့ ကိစ္စဆိုရင် ကူညီပေးစေချင်တယ်။ ကျွန်တော်တို့ရဲ့မူအရ
နေရာတစ်ခုယူပြီးတော့ လုပ်ဖို့မရှိဘူး။ ကျွန်တော်တို့နဲ့ တွေ့ဆုံစဉ်က
လူကြီးတွေက မပြောပါနဲ့လို့ ပြောထားတော့ ပြောရတာ အခက်အခဲဖြစ်နေတယ်။
နိုင်ငံတော် တာဝန်ရှိတဲ့ လူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောချင်တယ်”” ဟု
၎င်းကပြောကြားခဲ့သည်။
ယင်းတွေ့ဆုံဆွေးနွေးမှုများကို
မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများက တွေ့ဆုံခြင်း မရှိကြောင်း
ငြင်းဆိုထား ခဲ့သည်။ မြန်မာ သံတော်ဆင့်မှ မြန်မာ ငြိမ်းချမ်းရေးစင်တာ
အဖွဲ့ဝင် ဦးအောင်နိုင်ဦးအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ““တွေ့ဆုံမှုတွေ
ကျွန်တော်မသိဘူး။ ဘာမှ ဆက်သွယ်မှုတွေလည်း မရှိဘူး။ ဒီမှာတော့ ဧည့်သည်တွေက
မျိုးစုံ လာနေတာလေ။ တရားဝင် ဆက်သွယ်မှုတွေလည်း မရှိပါဘူး။ တခြား သူတွေ
မေးကြည့်ပါ””ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်း၊
ဦးဇွဲနေ၀င်းတို့သည် ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်း နှင့်အတူ ၂၀၀၂ခုနှစ်
စက်တင်ဘာလတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)ဖြင့် ထောင်ဒဏ်တစ်သက်
သေဒဏ်ချမှတ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တစ်သက်တစ်ကျွန်းသို့
ပြောင်းလဲချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဖခင်
ဦးအေးဇော်ဝင်းနှင့် ဦးဇွဲနေ၀င်းတို့ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခဲ့သည်။
ထပ်မံ၍ ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့
လွတ်မြောက်လာခဲ့သည်။
Myanmarthandawsint
No comments:
Post a Comment